Chapter -9- (Unicode)

441 39 13
                                    

"သား အလုပ်သွားတော့မလို့လား"

"ဟုတ်ကဲ့ ဖေဖေ"

"ခနထိုင်ပါဦး ဖေဖေပြောစရာရှိလို့"

ဂျက်က နီးစပ်ရာ ဆိုဖာမှာထိုင်လိုက်သည်။

"သား အလုပ်နဲ့ပတ်သက်ပြီး အမြဲစည်းကမ်းတင်းကြပ်ပြီးဘာမဆိုတိတိကျကျနဲ့အတိမ်းအစောင်းမခံဘူးဆိုတာ ဖေဖေသိပါတယ်"

"ဟုတ်ကဲ့ ဖေဖေ၊အဲ့တာကြောင့်လည်း..."

"နေဦး သား၊ဖေဖေ ပြောတာနားထောင်။
အဲ့လိုစိတ်မျိုးရှိတာနဲ့ပဲ အလုပ်တွေအကုန်လုံးကို သားတစ်ယောက်ထဲ သိမ်းကြုံးလုပ်လို့မရဘူးလေ"

"ဖေဖေ ခု သားကို အတွင်းရေးမှူးခန့်ခိုင်းဦးမှာမို့လား"

"ဟုတ်တယ် သား၊ဖေဖေ အဆင်ပြေလောက်မဲ့လူကိုတွေ့ထားတယ်"

"ဒါမဲ့ ဖေဖေ သားအတွက်မလိုသေးဘူးလို့ပြောဖူးတယ်လေ၊
သားလုပ်နိုင်ပါတယ်"

"သား လုပ်နိုင်မှန်းသိပါတယ်၊
ဒါပေမဲ့ အလုပ်တွေစုပြုံတဲ့နေ့တွေဆို
ဝန်ထမ်းတွေအလုပ်ဆင်းတာတောင်
သားမှာမဆင်းနိုင်ဘူးလေ"

အတွင်းရေးမှူးခန့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖေဖေပြောတာ ဒါနဲ့ဆို
ဘယ်နှကြိမ်မှန်းမသိတော့၊
ပြောတိုင်းလည်း ဂျက်မှာငြင်းရသည်။

သူလက်မခံမချင်းလည်း သတိရတိုင်းပြောနေမလားမသိ။

"ဟူး......"

"သက်ပြင်းချမနေနဲ့ သား၊
အဆင်ပြေမဲ့လူဆိုတာလည်းတခြားလူမဟုတ်ပါဘူး"

"ဘယ်သူလဲ ဖေဖေ"

"မြူ လေ"

"ဗျာ သူက ရှယ်ယာရှင်နီးနီးဖြစ်နေပြီလေ ဖေဖေ၊သားတို့ရုံးကဝန်ထမ်းမဟုတ်တော့ဘူး"

"ဖေဖေ သိပါတယ်၊ဒါပေမဲ့ ဟိုတနေ့က မြူ့အဖေနဲ့ တွေ့တော့ သူ့သမီးကို ဒီ့ထက်ပိုပြီးအတွေ့အကြုံရစေချင်တယ်တဲ့။အဲ့တာကြောင့် ဒီလိုလေးလုပ်ပေးပါဆိုပြီးပြောလာလို့"

"ဘာတွေစဉ်းစားနေတာလဲ သား။
မြူ ကအလုပ်လုပ်တာတော်တယ်လို့သားလည်းပြောဖူးတာပဲ"

"သားက သူ့ကိုအလုပ်မခန့်ချင်လို့မဟုတ်ပါဘူး ဖေဖေ။
အဲ့အတွင်းရေးမှူးနေရာမှာ ဘားခို့ကိုခန့်ဖို့planဆွဲထားတာ"

I want to be near You♡︎Where stories live. Discover now