Chapter-4- (Unicode)

494 37 9
                                    

"ရောက်ပြီလား ဗြူ့!
ဘယ်လိုလဲ ဒီနေ့ကျောင်းက"

"ဒီနေ့ကျောင်းက မနေ့ကလိုပဲပေါ့ ကိုကြီးရာ၊
ဘာမှအထွေအထူးမရှိပါဘူး၊ဘာလို့မေး"

"ဘာရယ်မဟုတ်ပါဘူးကွာ
ကိုယ့်ဝန်ထမ်းကိုယ် မိသားစုလို
ရင်းရင်းနှီးနှီးပေါ့ပေါ့ပါးပါးဖြစ်အောင်မေးတာပါ ငါက"

"Hey!!!
what's up man!!!"

"ဟော ရောက်လာပြန်ပြီ နောက်တစ်ကောင်"

လူမမြင်ရသေးသော်လည်း အသံကြားရုံနှင့်ဘိုင်ဘယ်ဟု ဘစ်က တထစ်ချသိလိုက်သည်။

"ဘာလဲ ငါမလာရဘူးလား၊
မင်းပဲ လာကူပေးဆို၊လာချင်လွန်းလို့လာတယ်များထင်နေလား"

"အမလေးကွာ
အရင်နေ့တွေကတော့မလာပဲနဲ့၊
လာရင်လည်း ဖင်ပူအောင်တောင်
မထိုင်တဲ့ ကောင်ကများ"

"OK လေ ဒါဆိုလည်း ပြန်တာပေါ့ကွာ၊
Byeeee"

"ဟ ဟ နေပါဦးကွာ၊ငါကစတာပါ မင်းတို့ကလည်း စိတ်ချည်းပဲ"

"မင်းတို့ကလည်း ဆိုတော့....."

ဘိုင်ဘယ်ကပြောရင် ဗြူ့ဆီ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်လေသည်။
လက်ညိုးကိုလည်း ဗြူ့ဆီတစ်ချက် သူ့ကိုယ်သူတစ်ချက်ဝေ့ထိုးရင်း...

"ဘာမှမဟုတ်ပါဘူးကွာ၊
ရောက်လက်စနဲ့ ၁ပွဲလောက်ဝင်ကူလိုက်ဦး။
ငါ ထမင်းသွားစားချင်လို့"

"ဘယ်သူ့ကိုရိုက်ပေးရမှာလဲ၊
ဗြူ့ ကိုလား??"

"ကျွန်တော်က ရိုက်မလားဗျ၊
အထဲမှာ ရိုက်မဲ့ model ကစောင့်နေပြီနော်၊"

ဘိုင်ဘယ်ရဲ့ ရွှတ်နောက်နောက်စကားတွေကို
ထပ်ပြီးနားမထောင်လိုတော့တာကြောင့် ဗြူ့ကအခြေနေကိုအလင်းပြလိုက်သည်၊

"မင်း၁ပွဲလောက်နွှဲရင်း ဗြူ့ကို ပညာလေးဘာလေးပြသပေးလိုက်ပါဦး၊
ငါထမင်းသွားစားလိုက်ဦးမယ်၊မင်းတို့နဲ့လွှဲခဲ့ပြီနော်"

"အိုခေ စိတ်ချထားခဲ့လိုက် သူငယ်ချင်း"

ထွက်သွားပြီဖြစ်သော ဘစ်က ကြားပုံမပေါ်။
သို့သော် တမင်လိုက်အော်သူက ဘိုင်ဘယ်၊

A Few Moment Later......

"ဘယ်ဆိုးလို့လဲ မင်းက အတတ်လွယ်သားပဲ၊
ကြည့်ရတာ ဓာတ်ပုံပညာမှာ ပါရမီပါတယ်ထင်တယ်"

I want to be near You♡︎Where stories live. Discover now