Chapter-14- (Unicode)

403 37 21
                                    

"ဘာ!"

ဂျက်ရဲ့ အော်သံကြောင့် စားပွဲဝိုင်းကလူတွေအကုန်လုံး လန့်ဖျတ်ကုန်သည်။
ဘားခို့က "အိမ်မပြောင်းတော့လို့ရလား" လို့ပြောလိုက်တာကို သူ့ကအားကြီးနဲ့ထအော်တာကိုး။

"တ တကယ်လား ဘားခို့။
မပြောင်းတော့တာ သေချာလား"

"အင်း ပြောင်းသေးဘူး"

"အဲ့တာဆို အန်တီပန်က ပိုကြိုက်တာပေါ့သားလေးရယ်။
အန်တီပန်က အစထဲကပြောင်းစေချင်တာမဟုတ်ဘူး"

"လာ သွားမယ်"

"ဟမ်!"

"ဟဲ့ ဘယ်သွားမှာတုန်း။
ဘယ်ကိုခေါ်နေတာလဲ"

ဂျက်က ရုတ်တရက်ထရပ်လိုက်ပြီး ဘားခို့ကိုသူနဲ့လိုက်ခဲ့ဖို့ခေါ်သည်။သူ့လုပ်ရပ်တွေကို ဒေါ်ပန်အပါအဝင် ကျန်တဲ့သူတွေလည်းနားမလည်နိုင်ဖြစ်နေရသည်။

"ဂျက် ဘယ်သွားမှာလဲ?
ဒီနေ့ ရုံးမသွားဘူးမို့လား။
ဘားခို့ကိုရော ဘယ်ခေါ်နေတာလဲ"

"အကိုဘိုင်ရယ် ခနလောက်တိတ်တိတ်လေးနေပေးပါလား။
ကျွန်တော်အာရုံစိုက်လို့မရဘူး"

"ဖြစ်ရတယ် ဂျက်ဆာတာရယ်။
အကိုတစ်ယောက်လုံးကိုတောင် အာ့လိုပြောရတယ်လို့။
တော်တော် ဖြစ်ပျက်နေလား။
ငါမသိဘူးမထင်လိုက်နဲ့နော် ဟင်း ဟင်း"

"အာ အကိုဘိုင် ဘားခို့ခုမှသတိရတယ်။
ညက အသစ်ဖွင့်ထားတဲ့ကော်ဖီဆိုင်သွားချင်တယ်လို့ ကိုကို့ကို ပူဆာထားတာ။
ခု အဲ့ကိုသွားမှာမို့လား ကိုကို"

"အင်း ဟုတ်တယ်"

အမေနဲ့အဖေရှေ့မှာ သူတို့အထုပ်အဖြည်ခံရမည်စိုးတာကြောင့် နှစ်ယောက်လုံး ပြာပြာသလဲနှင့်ရှောင်ထွက်သွားကြလေသည်။

"ဘိုင်ဘယ်"

"ဗျာ မေမေ"

"သူတို့နှစ်ယောက် ဘယ်ချိန်ကပြန်တည့်သွားတာလဲ"

"သားမသိလိုက်ဘူး မေမေ၊
တည့်တာတော့ တော်တော်တည့်နေတယ်နော်"

"အေး"

ဂျက်နဲ့ဘားခို့ ထွက်သွားပြီးနောက် ဘိုင်ဘယ်တို့သားအမိနှစ်ယောက် အတင်းပြောရင်းကျန်ခဲ့လေသည်။

I want to be near You♡︎Where stories live. Discover now