"အခုတလော ပတ်ချန်းယောလ်တွဲနေတာ မင်းမလား"
ရေဖြည့်နေရာကနေ ဘယ်အချိန်ကတည်းက အနားရောက်လာမှန်းမသိသော မိန်းကလေးတစ်ဦးကြောင့် ရေထည့်နေသည့် ဘခ်ဟျွန်းလက်က အလန့်တဖြတ်လွတ်ကျသည်။ လွတ်ကျသွားသည့် ရေဗူးကြောင့် ကြမ်းပြင်တစ်လျှောက် ရေတွေရွှဲကနဲ။ အမြန်ပြန်ကောက်ကာ နားမလည်သည့်နှယ် အကြည့်ပို့မိတော့ နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးရင်း ဘခ်ဟျွန်းကိုဆက်ပြောလာ၏။
"အဲ့ဒီလောက် စေတနာမရှိပေမယ့် ငါ့တုန်းကလို ခံစားရမှာစိုးလို့ သတိလာပေးတာ၊ ပတ်ချန်းယောလ် အဲ့ကောင်ကို လုံးဝမယုံနဲ့"
ဘခ်ဟျွန်းမျက်ခုံးများဟာ တွန့်ကနဲ။ သူ့ကိုဘယ်လို စစနောက်နောက် အနိုင်ကျင့်နေပါစေ ဘယ်လိုမှမနေပေမယ့် ချန်းယောလ်ကိုပြောဆိုလာရင်တော့ စိတ်ကလက်မခံချင်။ သူ့မျက်လုံးထဲ အပြည့်စုံဆုံးဟူသော ဝေါဟာရနှင့်ကိုက်ညီတာ ချန်းယောလ်တစ်ဦးသာရှိပြီး သူချစ်သည့်သူလည်းဖြစ်တာမို့။ ထိုမိန်းကလေးကတော့ ဘခ်ဟျွန်း၏စိတ်အလိုမကျသော ပုံစံအား စိတ်အနှောင့်အယှက်ဖြစ်ပုံမပေါ်ဘဲ ဆက်ပြောလာ၏။
"သူအခု မင်းကိုရက်ပိုင်းလောက် အလိုလိုက်ရင်လိုက်လိမ့်မယ် မင်းသိလား ပတ်ချန်းယောလ်ကစားတဲ့ပုံက တခြားဘယ်ကောင်နဲ့မှ မတူဘူးဆိုတာ"
အပြောနှင့်အတူ ဟက်ကနဲလှောင်ရယ်သည်။
"တစ်လောကလုံးမှာ မင်းကအချစ်ခံရဆုံးဆိုတဲ့ ခံစားချက်ကို သူပေးလိမ့်မယ်၊ သူကမင်းမရှိလို့ မဖြစ်ပါဘူး ဆိုတဲ့အတွေးတွေ ဝင်လာတဲ့အထိ မင်းကိုချစ်ပြလိမ့်မယ်၊ သူချစ်တာခံနေရတဲ့အချိန်အတွင်းတော့ အမြင့်ဆုံးနတ်ဘုံပေါ် ရောက်နေသလို ခံစားရပေမယ့် ဖြတ်ချလိုက်တာနဲ့ သေမတတ်ခံစားရတာပဲ၊ အမြင့်ဆုံးကိုပို့ပြီးမှ ညှာတာမှုမရှိ ဆွဲချလိုက်သလို ခံစားချက်"
"အဲ့ကောင်က ဘယ်သူ့အပေါ်မှ စိတ်ရင်းရှိခဲ့တာမဟုတ်ဘူး လူတွေရဲ့ခံစားချက်က သူ့အတွက် ရီမုတစ်ခုနှင့် နှိပ်ပြီးကစားနေလို့ရတဲ့ ဂိမ်းစက်အပြင် မပိုဘူး။ မင်းပုံစံကြည့်ရတာ ဉာဏ်ကောင်းမယ်ထင်လို့ လာပြောပြရုံပါ၊ အခုငါ့ပုံစံက မင်းမျက်လုံးထဲမှာ မကောင်းဆိုးဝါးဖြစ်နေနိုင်ပေမယ့်"