Eigengrau ( U )

1.2K 135 6
                                        

မျက်နှာတစ်ဝိုက် ခပ်နွေးနွေးကျရောက်နေသော အလင်းရောင်ကြောင့် မိုးလင်းပြီမှန်းသိလိုက်ရသည်။ အိပ်ချင်စိတ်ကို အသာဖယ်ကာ ခန္တာကိုယ်တစ်ဝက်ခန့်ထိ ခြုံထားသော စောင်ကိုဖယ်ချရင်း ကုတင်ပေါ်က ခြေချလိုက်တော့ အေးစိမ့်နေသော ကြမ်းခင်းနှင့် ထိတွေ့မိသည်။

မှောင်မဲနေသော အခန်းပတ်လည်အတွင်း လက်ဖြင့် ယောင်တဝါးဝါးစမ်းမိတော့ ပြောင်ချောနေသော ပစ္စည်းတစ်ခုထံ ထိမိသည်နှင့် ကောက်ယူလိုက်သည်။ အပေါ်က ဖုထစ်နေသော ကိန်းဂဏန်းတို့ကို စမ်းသပ်လိုက်သည်နှင့် မျက်မှောင်ကြုတ်လိုက်ကာမှ ရုတ်တရက် ချောက်ကနဲ ခြေရင်းနားအသံတစ်ချက်ကိုကြားလိုက်ရသည်။ တံခါးဖွင့်လိုက်သံဆိုသည်ကို ကျွန်တော်နားလည်ပြီး ထူးခြားမနားစွာပင် ခေါင်းငုံ့ထားရင်းဖြင့်သာ လက်ထဲက နာရီအား ခုံပေါ်နေရာတကျ ပြန်တင်လိုက်သည်။

"ဘာလို့ ငါ့ကိုလာမနှိုးတာလဲ"

တစ်ဖက်က အသံတော်ရုံနှင့် ပြန်မလာသည်မို့ သူရပ်နေမည် ထင်ရသည့်ဘက် မော့ကြည့်ကာ ခေါင်းစောင်းပြလိုက်မိသည်။

"တောင်းပန်ပါတယ် သခင်လေး ..."

အသံက ဩရှရှ။ ကြားဖူနေကျ မိန်းကလေးတစ်ယောက်အသံ မဟုတ်သည်နှင့်အညီ ကျွန်တော့်စိတ်အလိုမကျမှုတို့က အနည်းငယ် လျော့ပါးသွား၏။

"မင်းကအသစ်လား"

"ဟုတ်ကဲ့ သခင်လေး"

ယခင်ကမှ တောက်လျှောက် အနားတွင်ရှိနေပေးသော ကောင်မလေးတစ်ယောက်အစား ကောင်လေးတစ်ယောက် ပြောင်းသွားပြန်၏။ အတွေးနှင့်အတူ ခဏကြာ တိတ်ဆိတ်သွားရပြီးမှ ထပ်မေးမိသည်။

"နာမည်ဘယ်လိုခေါ်လဲ"

"ပတ်ချန်းယောလ်ပါဗျ"

အသံလေးက သဘောကျစရာကောင်းပြီး ရုပ်မမြင်ရတာတော့ ဝမ်းနည်းစရာပင်။

"အသက် ?"

"၂၀ ပြည့်ပါပြီ"

ကျွန်တော့်ထက်ငယ်တာပဲ ဟူသည့် အသိနှင့်အတူ တစ်ဆက်တည်းဆိုသလို ခန့်မှန်းလိုက်သည့် စကားတစ်ခွန်းက နှုတ်ကထွက်ကျသည်။

Yellow AitaDonde viven las historias. Descúbrelo ahora