Part 2

25.7K 679 11
                                    

Unicode
ဒီလိုနဲ့ သူမတို့နှစ်ယောက် သူ့ကားပေါ်ပါလာတော့တယ်

"နင် ဘာတွေလုပ်နေလဲ ဟိန်းထက် GYM ဖွင့်မယ်ဆိုတာရော ပြီးတော့မှာလား"

"အေး ပြီးတော့မှာ နောက် ၂ပတ်လောက်ဆို ဖွင့်ပွဲလုပ်မှာ နင်တို့အိမ်တောင် ဖိတ်စာဖိတ်ရင်းလာမလို့"

"အေး လာရမှာပေါ့ အတော်ပဲ ငါတို့လည်း GYM သွားမလို့ စဉ်းစားနေတာ နင့်ဆီလာဆော့မယ် နော် ဒီဒီ"

နောက်ကြည့်မှန်ကို ကြည့်လိုက်တော့ အငိုတိတ်သွားတဲ့ သူမက အပြင်ဘက်ကို ကြည့်ရင်း အသိစိတ်ပျောက်နေသလို

"ဟဲ့ ဒီဒီ ငါပြောတာကြားလား"

"ဟင်"

"ဟိန်းထက်က GYM ဖွင့်မှာတဲ့ ငါတို့ အဲ့မှာ သွားဆော့မယ်"

"ငါ မဆော့ချင်ပါဘူး"

"ဘာလဲ နင်ပဲ ဟိုရက်တွေတုန်းက ဝိတ်ချတော့မယ်ဆို"

"အဲ့တာ ကိုကြီးက ချခိုင်းလို့ ခုက..."

"ဘာ ကိုကြီးလဲ သူ ခိုင်းခိုင်းမခိုင်းခိုင်း ဒါနင်လုပ်ကို လုပ်ရမဲ့ ကိစ္စ ခုရော သူက နင်ပိန်တာကို စောင့်လို့လား ထားသွားတာပဲမဟုတ်လား နင့်ကိုငါ ပြောကိုမပြောချင်ဘူး"

"......"

ဇင်လဲ့ဟောက်သမျှ မျက်နှာငယ်လေးနဲ့ ကြောင်ကြည့်နေတဲ့ သူမကို ကြည့်ပြီး

"နင်တို့လာမယ်ဆို ငါ trainer ကိုသေချာ အပ်ပေးမယ်လေ ဖွင့်ဖွင့်ချင်း ၁လအတွင်းလာအပ်ရင် discountလည်းရတယ်"

ဇင်လဲ့ပြောသမျှ မျက်နှာငယ်လေးနဲ့ ကြည့်နေတဲ့ သူမကိုသနားလို့ သူစကားဖြတ်ပြောလိုက်တယ် မဟုတ်ရင် ဇင်လဲ့က တော်တော်ပွားပြီး သူများကို ဆရာလုပ်ချင်တဲ့ မိန်းကလေး
ဒါကြောင့်လည်း ဒီကောင်မလေးနဲ့ပေါင်းဖြစ်တာနေမှာပေါ့ မဟုတ်ရင် သူ့ညီမဆရာလုပ်တာမခံနိုင်လို့ ရန်ဖြစ်ပြီးကွဲသွားတဲ့ ရည်းစားတွေအများကြီးလို့ ဇင်လဲ့အစ်ကို ကိုဝေယံပြောတာကြားဖူးတယ်

"ရပြီ အဲ့ရှေ့နားရပ်လိုက်တော့ ဆိုင်ရှေ့ကျ ကားကျပ်မှာ"

သူက ဇင်လဲ့ဆိုင်နဲ့ နည်းနည်းလှမ်းတဲ့နေရာမှာ ရပ်ပေးလိုက်တယ် ဇင်လဲ့က မိန်းကလေးသီးသန့် beauty sloon တစ်ခုဖွင့်ထားပြီးတော်တော်လေး အောင်မြင်နေသည် သူ့ရဲ့ အမျိုးစုံသော ရည်းစားတွေကတော​့ ဒီဆိုင်မှဒီဆိုင်သွားကြပေမယ့် သူတော့ တစ်ခါမှ မလိုက်ခဲ့ဘူးပါ မိန်းကလေးတစ်ယောက် အလှပြင်တာကို အချိန်ကုန်ခံစောင့်ပေးရတဲ့ အလုပ်လောက် ပျင်းစရာကောင်းတဲ့ကိစ္စမရှိဘူးလို့ထင်တယ် သူဆိုသည်မှာလည်း ရည်းစားသာထားချင်တာ စိတ်ရှုပ်တာ အာရုံနောက်တာကို မခံနိုင်တဲ့သူမျိုးပဲ

မင်းတစ်ယောက်သာWhere stories live. Discover now