Part 21

36.5K 560 20
                                    

Unicode

စားပွဲပေါ်မှာ cake ဝိုင်ပုလင်း ပန်းကန်တွေ ပန်းအိုးနဲ့ ဖယောင်းတိုင်တွေ စီရင်း ဒီဒီတစ်ယောက်အလုပ်ရှုပ်နေသည်...
ဒီနေ့ မောင့်မွေးနေ့^^

မောင့်မွေးနေ့အတွက် ညစာကို ဒီဒီကိုယ်တိုင် ပြင်ဆင်ပေးချင်လို့ မောင့်အခန်းဆီစောစောလာကာ ပြင်ဆင်ပေးနေခြင်းဖြစ်သည်...
မောင်ကတော့ မနက်တည်းက မိဘအိမ်ပြန်ကာ အမေနဲ့တူတူအချိန်ကုန်ပြီးမှ ပြန်လာမည်

"အိုခေ အိုခေ pasta ထည့်ပြီးရင်ပြီးပြီ"

ပြင်ဆင်ထားတာကို စိတ်ကျေနပ်စွာကြည့်ရင်း မောင်ပြန်အလာကိုစောင့်နေလိုက်သည်..

တီ တီ တီ

ခဏနေတော့ တံခါးဖွင့်သံနှင့်အတူ မောင်ဝင်လာတော့ ဒီဒီပြေးဖက်ကာ မောင့်ပါးပြင်ကို နမ်းရင်း

"Happy Birthday မောင်"

"thanks ချစ်လေး"

မောင့်ခါးကိုဖက်ကာ အိမ်ထဲဝင်လာရင်း

"ဘာတွေလုပ်ခဲ့လဲ"

"ထွေထွေထူးထူးမဟုတ်ပါဘူး မာမီနဲ့ဘုရားတက်ပြီး မာမီကျွေးတာစားလာခဲ့တာ ခု ချစ်လေးကျွေးတာ စားဖို့ပဲကျန်တော့တယ် ဘာစားရမှာလဲ"

"အစက အများကြီးလုပ်မလို့ပဲ ပြီးမှမောင်က အိမ်ကနေလည်း စားလာခဲ့ဦးမှာဆိုတော့ pasta နဲ့ ဝိုင်ပဲ စီစဉ်လိုက်တာ ရတယ်မလား"

​မောင်က စားပွဲပေါ်ကပြင်ဆင်ထားတာတွေကိုကြည့်ကာ

"ရတာပေါ့ မဝရင် နို့သောက်လိုက်မယ်"

"မောင် နော်"

"ဟား ဟား နွားနို့သောက်မယ်ပြောတာပါကွာ"

"ဟွန့် လာ ထိုင် cake အရင်ခွဲမယ်"

cake ခွဲကာ ဒီဒီပြင်ဆင်ထားတာတွေကို စားသောက်ကြသည်

"မာမီကပြောနေတာ ချစ်လေးကိုခေါ်မလာခဲ့လို့တဲ့"

"မောင်က ဘာပြောလိုက်လဲ"

"ချစ်လေးမအားလို့ ညနေမှတွေ့မှာလို့ပြောလိုက်တာပေါ့"

"အင်း"

စားနေရင်းတန်းလန်း တွေတွေဝေဝေဖြစ်သွားတဲ့ သူမလေးကိုကြည့်ရင်း နှုတ်ခမ်းလေးမှာပေနေတာတွေကို လက်မနဲ့ဖိသုပ်ပေးကာ

မင်းတစ်ယောက်သာWhere stories live. Discover now