Part 17

25.8K 541 29
                                    

Unicode
"အဖြစ်ကတော့ အဲ့တာပဲကွာ"

"ဆိုတော့ အဲ့နောက်ပိုင်း ဒီဒီက မင်းကိုရှောင်နေတာပေါ့"

"ဟုတ်တယ်"

သူ့အပြောကို နားထောင်ပြီး စဉ်းစားခန်းဝင်နေကြတဲ့ နှစ်ယောက်ကို ကြည့်ကာ ဘီယာကိုတစ်ငုံသောက်လိုက်သည် ရင်တွေလည်းပူလှပြီ....
ဒီဒီနဲ့ရုပ်ရှင်ကြည့်တဲ့နေ့ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို သူရတို့အားပြောပြနေခြင်းဖြစ်သည်
အဲ့နေ့ကထွက်သွားပြီးတည်းက ဒီဒီသူ့ကိုရှောင်နေတော့သည်.. ဖုန်းဆက်တော့လည်း စဉ်းစားစရာလေးရှိနေသေးလို့ ဆိုပြီးကောင်းကောင်းမပြော GYM ကိုလည်းနောက်ကျမှလာကာ စောစောပြန်သွားသည်.... ခါတိုင်းလို စောစောလာပြီးနောက်ကျမှပြန်ကာ သူ့ရုံးခန်းထဲအချိန်ဖြုန်းတာမျိုးမရှိ ကစားနေရာက ခဏတဖြုတ်နားတဲ့အချိန် အရင်ကလို သူသွားပြီး ပခုံးလေးဖက်ရင်တောင် တွန့်တွန့်သွားတတ်လို့ သူ့မှာဖက်ဖို့တောင်မဝံ့မရဲဖြစ်နေရသည်....ဒီနေ့နဲ့ဆို ဒီဒီသူ့ကိုရှောင်နေတာသုံးရက်တောင်ရှိသွားခဲ့ပြီ သူ့ကားကလည်း ပြန်ရပြီဆိုတော့ ပိုဆိုးတော့သည်....ပါးလေးတောင်ဆွဲခွင့်မရှိပဲဖြစ်နေတော့ မနေနိုင်တော့စွာ သူရတို့ကိုပြောပြပြီး ဝိုင်းစဉ်းစားခိုင်းရတော့သည်

"ရုပ်ရှင်ရုံထဲမှာလည်း တကယ်ဘာမှမလုပ်ဘူးပေါ့"

"ဘုရားစူးပါကွာ သူကြည့်ချင်လို့သာလိုက်သွားတာ ငါမှစိတ်မဝင်စားတာ အိပ်ပျော်သွားတာ ရုပ်ရှင်ပြီးလို့သူနှိုးမှပဲ နိုးတော့တာ"

"ကားပေါ်မှာ မင်းမဟုတ်တရုတ်တွေသွားလုပ်လို့နေမှာပေါ့"

"ခါတိုင်းနမ်းနေကျအတိုင်းပဲ နှုတ်ဆက်အနမ်းလေးပေးတာပါကွာ ကားပေါ်ဆင်းတော့တောင် စကားတွေပြောနေသေး အိမ်ပေါ်တက် ခေါက်ဆွဲစားသွားပါ့လားပြောတော့မှ ထဖြစ်သွားတာ"

"မင်းကလည်း ဘာလို့ ခေါက်ဆွဲပြုတ်တွေသွားကျွေးတာလဲ ဟိုက dietလုပ်နေပါတယ်ဆိုမှ"

"ဟ ငါ့အိမ်မှာလည်း အဲ့တာပဲရှိတာကိုးကွ နည်းနည်းလောက်တော့စားလို့ရပါတယ် ဟိုနေ့ကတောင် စားနေသေးတာကို"

မင်းတစ်ယောက်သာWhere stories live. Discover now