Part 27

25.7K 463 25
                                    

Unicode

"ချစ်လေး ပင်ပန်းနေပြီလား"

သူ့ပခုံးပေါ် ခေါင်းလေးမှီပြီး ငိုက်နေတဲ့ ချစ်ရသူလေးရဲ့နဖူးလေးကို ကြင်နာစွာနမ်းပြီး မေးလိုက်တော့
.
.

"တစ်လမ်းလုံးမနားမနေ ကားမောင်းနေရတာ ငါပါဟ တကတည်းမှပဲ"

"မင်းတို့ စပ်ဆော့ပြီးသွားချင်တာလေ ဒီလောက် လမ်းကြမ်းကြီးကို"

"ဟိုရောက်ရင် အရမ်းလှတာ ကိုဟိန်းထက်ရဲ့ ညဆို ကြယ်ပင်လယ်ကြီးကိုမြင်ရပြီး မနက်ဆို တိမ်ပင်လယ်ကြီးကိုမြင်ရမှာ"

"အေးစိမ့်နေတဲ့ အချိန် tent ကြီးနဲ့အိပ်ရမှာလည်းထည့်ပြောဦး"

"အမလေး သဘာဝအလှအပကို မခံစားတတ်လိုက်တာ ငါတို့ကဇွတ်ခေါ်တာမဟုတ်ဘူးနော် နင့်ရည်းစားကိုကသွားချင်တာ ဒါတွေသိလို့ နင့်ကို မလိုက်ခဲ့ပါနဲ့ပြောတာကို ရအောင်လိုက်လာပြီး ခုမှ ပွစိပွစိနဲ့"

"ငါ့ချစ်လေးသွားမယ့်ဟာ ငါမလိုက်လို့ဖြစ်မလား"

"အဲ့တာဆိုမပြောနဲ့လေ"

"ဟုတ်သားပဲ မောင်ကလည်း ဒီဒီသွားချင်တာကို"

ခါးကိုဖက်ကာဆိုလာတဲ့ သူမလေးကြောင့် ဆက်ပြောမယ့်စကားတို့ကို မြိုချလိုက်ရသည်... ဒီနေ့သူတို့ နောင်ချိုဘက်ကတိမ်ပင်လယ်ဆိုတာကို သွားလည်ကြခြင်းဖြစ်သည်.... fb တစ်ခွင် လူတိုင်း တိမ်ပင်လယ်နေကြတော့ မိန်းကလေးတွေက သွားချင်တယ်ဆိုလို့သာလိုက်ပို့ပေးရတာ.. ဟိုနှစ်ကောင်က ဘယ်လိုမှမနေပေမယ့် သူကတော့ဖြစ်နိုင်ရင်မသွားချင်ပါ

ခရီးသွားရင်တောင် hotel ကောင်းကောင်းမှာတည်းပြီး luxury ကျကျနေချင်တဲ့ သူ့အတွက် ဒီလောက်အေးတဲ့ရာသီဥတုမှာ tentနဲ့အိပ်ရမယ်ဆိုတာ စိတ်တောင်ကူးမကြည့်ချင်ပါ... လမ်းခရီးကလည်းကြမ်းတော့ပိုဆိုးသေးသည်

ချစ်ရသူလေးက သွားချင်တယ်ဆိုတော့လည်း မတတ်နိုင် လိုက်ခဲ့ရတော့သည်... tent နဲ့အိပ်ရလို့ အေးလည်း သူမလေးပါနေတော့ ဖက်ထားလို့ရတာတော်သေးတယ်....ယောကျာ်းလေးတွေကြည့်ပဲသာဆို တစ်သက်လုံးလိုက်ဖြစ်မှာမဟုတ်

မင်းတစ်ယောက်သာWhere stories live. Discover now