Part 14

24.7K 538 4
                                    

Unicode
"ချစ်လေး အောက်ဆင်းစို့လေ ကိုစိုင်းရောက်နေလောက်ပြီ.....ဘာတွေအဲ့လောက် စိတ်ဝင်တစားကြည့်နေတာလဲ"

ပြောရင်း သူမကြည့်နေတဲ့ဖုန်းနားကပ်ကြည့်လိုက်တော့ ကိုရီးယားကားကို အသဲအသန်ကြည့်နေတာ သူပြောတာတောင်မကြား
ဒီနေ့သူမကို ဆိုင်ကနေဝင်ခေါ်လာခဲ့တာ စောနေသေးလို့ဆိုပြီး သူ့ရုံးခန်းမှာ သူကလည်းစစ်စရာရှိတာလေးစစ်နေတုန်း သူမက ဇာတ်ကားကြည့်နေခြင်းဖြစ်သည်

ဒီကောင်မလေးက k-drama တွေကို တော်တော်စွဲလမ်းလွန်းသည် တစ်ပတ်တစ်ပတ် ကြည့်နေတဲ့ကားတွေကိုကမနည်း.... ကြည့်တာတွေများလွန်းတော့ noteထဲမှာ ဘယ်နေ့ဘာပြမယ်ဆိုတာကို မှတ်ထားပြီးကိုကြည့်ယူရသည်
သူတောင်အဲ့ listကိုတောင်းထားရသေးသည်.. ကြည့်မလို့တော့မဟုတ်... သူမ,ကြည့်တဲ့ ဇာတ်ကားနည်းတဲ့နေ့ကိုမှန်းပြီး ဖုန်းဆက်ရအောင်လို့..

သူဖုန်းဆက်ရင်တော့ ဘယ်လောက်ကြာကြာ ပြောပေးတဲ့သူမက သူနဲ့ပြောပြီးရင် မပြီးသေးတဲ့ဇာတ်လမ်းကို မိုးလင်းပေါက်ကြည့်သည် နောက်နေ့မှကြည့်လို့မရဘူးလားမေးရင် spoilမိမှာစိုးလို့ဆိုပြီးပြောတော့ သူ့မှာ သူမလေးအိပ်ရေးပျက်မှာစိုးလို့ ညညဆို vcall ခေါ်ပြီးတောင် သိပ်အလွမ်းမသယ်နိုင်....ခုလည်းခေါ်နေတာကိုမကြား ဖုန်းထဲမျက်လုံးနစ်ဝင်မတတ်ကြည့်နေသည်

"ဒီဒီ"

မျက်လုံးရှေ့လက်ရမ်းပြလိုက်တော့မှ မော့ကြည့်တော့သည်..

"သွားစို့လေ ကိုစိုင်းရောက်နေလောက်ပြီ ဘာတွေအသည်းအသန်ကြည့်နေတာလဲ ညကမကြည့်ဘူးလား"

"ညက အစောကြီးအိပ်ပျော်သွားလို့ပါ သွားမယ်လေ"

ကမ်းပေးလာတဲ့ လက်ကိုလှမ်းဆွဲရင်း ထလိုက်တော့ ရုတ်တရက်မျက်လုံးထဲပြာပြီးမူးသွားသည်.....

"ချစ်လေး ဘာဖြစ်တာလဲ ခေါင်းမူးလို့လား"

"မဟုတ်ပါဘူး ဖုန်းကြည့်ရင်းကနေ ရုတ်တရက်ထလိုက်လို့ပါ"

"အဲ့တာကြောင့်ပြောတာပေါ့ အဲ့အရေမရအဖတ်မရဇာတ်ကားတွေ တော်ရုံပဲကြည့်ပါဆို"

"အင်းပါ လာသွားကြစို့"

ထပ်ပြီးပူညံပူညံလုပ်မှာစိုးလို့ လက်ကိုဆွဲကာထွက်လာခဲ့သည်....ဒီရက်ပိုင်းလူကနေလို့မကောင်း.... တစ်နေ့လုံးနေမှ ပန်းသီးတစ်လုံးနဲ့ငှက်ပျောသီးတစ်လုံးပဲစားပြီး နေနေတဲ့ဒဏ်တွေခံနေရတာထင်တယ်..လူကမူးမူးနေတယ် ဒါကြောင့်ဒီရက်ပိုင်း ညဘက်တွေဆို စောစောအိပ်နေရလို့ ဇာတ်ကားတွေတောင်အကြွေးတင်နေပြီ..
...........

မင်းတစ်ယောက်သာWhere stories live. Discover now