Extra 4

17.9K 638 63
                                    

Unicode

မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ့်ပုံကို ကြည့်ရင်း ငိုချင်လာသည်...
ခြောက်လကျော် ခုနစ်လထဲရောက်လာတဲ့ ဗိုက်က စူထွက်လာကာ ခြေတွေလက်တွေကလည်းဖောရောင်လာသည်.....
မောင့်ကျေးဇူးနဲ့ 1st Trimester ကာလတည်းက အနည်းငယ် မူးဝေရုံကလွဲပြီး အအိပ်အစားမပျက်ခဲ့.....နဂိုအစားမက်တဲ့ ဒီဒီက ကိုယ်ဝန်ကို အကြောင်းပြုကာ အရင်လို စိတ်ကိုမထိန်းချုပ်တော့ပဲ စိတ်ထဲတောင့်တသမျှအကုန်စားနေတော့သည်....ဒီကြားထဲ အားဆေးမျိုးစုံသောက်လိုက်.. တစ်နေ့တစ်နေ့ အိပ်နေလိုက်နဲ့ လုပ်နေတော့ ဝိတ်တွေတက်လာကာကြိုးစားပမ်းစား လုပ်ထားရတဲ့ ခန္ဓာကိုယ်လေး ဘယ်ရောက်သွားမှန်းမသိတော့....

"ချစ်လေး ဘာလို့ရပ်နေတာလဲ ထိုင်နေလေ"

ရေချိုးခန်းထဲကထွက်လာပြီး ပြောလိုက်တဲ့ မောင့် ကိုလှမ်းကြည့်လိုက်သည်...ကလေးအဖေဖြစ်လာမယ့်သူတွေက ပိုချောလာတတ်လားမသိ... မောင်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုချောလာသည်...
ညညဆို ခဏတိုင်း ကြွက်တက်လိုက် ဆီးသွားချင်လိုက်နဲ့ ထရပြီး တစ်နေကုန်အိပ်ထားလို့ မျက်စိကြောင်ကာတော်တော်နဲ့ ပြန်မအိပ်တော့တဲ့ ဒီဒီ့ကို စိတ်ရှည်လက်ရှည်ချော့သိပ်ရ... မနက်လည်း အစောကြီးထပြီး ဒီဒီသောက်ဖို့နွားနို့ကိုသေချာကျိုထားပေးပြီး အိမ်သန့်ရှင်းရေးတွေလုပ်ကာ ဒီဒီနိုးလာရင် တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ဖို့ကိုလည်း ကူပေးရသေးသည်....
ပြီးရင် ဒီဒီ သွားနေချင်တဲ့ အိမ်ကိုလိုက်ပို့ပေးထားပြီး ရုံးကိုအပြေးအလွှားတက်ရသည်... ဒီကြားထဲ ဟိုဟာစားချင်တယ် ဒီဟာစားချင်တယ်ဆိုပြီး ဖုန်းဆက်လိုက်ရင် ရောက်ရာအရပ်ကနေအပြေးအလွှားဝယ်ကာ ဒီဒီရှိရာကို လာပို့ပေးသေးသည်....ညနေရုံးဆင်းရင် ကွန်ဒိုကို တူတူပြန်လာကာ ညနေစာစား ဒီဒီနဲ့တူတူ လမ်းခဏလျှောက်ပေး... ညရောက်ရင် အကြောပြတ်ရာတွေပေါ်နေတဲ့ ဒီဒီ့ကို bio oil လိမ်းပေးပြီး ချော့သိပ်ကာ ဒီဒီအိပ်ပျော်မှ မောင်လည်းအိပ်ရာဝင်ရသည်....

တီစိုးရော မာမီရောက သူတို့ဆီလာနေဖို့ပြောပေမယ့် အမှတ်တရတွေအများကြီးရှိတဲ့ ဒီအခန်းလေးမှာပဲ ထပ်ပြီးအမှတ်တရတွေရှိချင်တဲ့ ဒီဒီ့ကြောင့် မောင်တစ်ယောက်ပင်ပန်းနေရတော့သည်...

မင်းတစ်ယောက်သာWhere stories live. Discover now