Part 36

22K 470 29
                                    

Unicode

"ဘာဖြစ်ကြတာလဲ"

ဆိုင်ထဲ ဇေယျဝင်လာတော့ သူရက လုပ်ပါဦးဆိုတဲ့ အကြည့်နဲ့ သူ့ကိုအားကိုးတကြီး ကြည့်နေကာ ဟိုကောင် ဟိန်းထက်က ဂျစ်တစ်တစ်ရုပ်နဲ့ထိုင်နေသည်..

"ဒီမယ် ဒီကောင်ကွာ.. ငါနဲ့လဲ့ လက်ထပ်မှာကို ကန့်လန့်တိုက်နေလို့"

"ဟေ့ကောင် စကားပြောတာကြည့်ပြော.. ငါကဘာကိစ္စမင်းတို့ယူမယ့်ကိစ္စမှာ ကန့်လန့်တိုက်ရမှာလဲ.. ငါ့ချစ်သူကို အရံလုပ်ခိုင်းမှာ သဘောမတူတဲ့အကြောင်းပြောတာ"

"အရံလုပ်တာ ဘာဖြစ်လို့လဲ ငါနဲ့ဝတီလည်းလုပ်မှာပဲလေ မင်းတို့အတွဲနဲ့ နှစ်တွဲ"

"ဟ ငါက သူ့အစ်ကိုကွ.. ညီမ မင်္ဂလာဆောင်ကို အစ်ကိုက အရံလုပ်ပေးတာ ဖြစ်သင့်လား"

"မင်းတို့က မောင်နှမအရင်းမှမဟုတ်တာ တစ်ဝမ်းကွဲတောင်မဟုတ်ဘူး.. နှစ်ဝမ်းကွဲ..ပြီးတော့ အသက်ကလည်းရွယ်တူတွေပဲ ဘာဖြစ်လဲ"

"မသိဘူးကွာ.. မလုပ်ချင်ဘူး"

"ဒီဒီကတော့ လုပ်မှာပဲလေ.. သူ့အချစ်ဆုံးသူငယ်ချင်းဆောင်မှာပဲကို.. မင်းမလုပ်ချင်ရင် အခြားတစ်ယောက်နဲ့ တွဲရုံပေါ့"

"ငါ့ချစ်လေးက ဘာလို့အခြားကောင်နဲ့တွဲရမှာလဲ"

"အဲ့တာဆို မင်းလုပ်ပေါ့ မင်းမလုပ်ရင်တွဲရမှာ ဒါပဲရှိတာ"

ဇေယျပြောတာ နည်းလမ်းကျတဲ့အတွက် ဘာမှလည်းပြန်မပြောနိုင်.. စိတ်ထဲမှာလည်း မကျေမနပ်ဖြစ်နဲ့ တစ်ယောက်တည်း ဒုက္ခများနေတော့သည်..
သူဒီရက်ပိုင်း ဒီဒီ့ကို လက်ထပ်ခွင့်တောင်းဖို့အတွက်ပြင်ဆင်နေသည်.. လက်စွပ်ဒီဇိုင်းကို သူ့စိတ်ကြိုက်ပြောပြီး လုပ်ခိုင်းထားလို့ ခုထိမရသေးတာကို စောင့်နေရတာ..
ပြင်ဆင်နေတဲ့သူတောင် လက်ထပ်ခွင့်မတောင်းရ သေးတာကို ဒီနှစ်ယောက်က ကောက်ခါငင်ခါ လက်ထပ်တော့မယ်ဆိုတာ ဖြစ်သင့်လား..
ပြီးတော့သူတို့ဆိုတာ မတွေ့ရတဲ့သူတွေလည်းမဟုတ်.. နေ့တိုင်းတွေ့နေတာကို  ရုတ်တရက်ကြီး ဒီတစ်ပတ်ထဲ စေ့စပ်ကြောင်းလမ်းပြီး နောက် နှစ်လဆိုယူတော့မယ်ဆိုတာကို ခုမှသူတို့ကသိရတယ်... ဘာတွေ ကသုတ်ကရိုက်ဖြစ်နေလဲ နားကိုမလည်ချေ....

မင်းတစ်ယောက်သာWhere stories live. Discover now