Unicode
"ခုလို မိန်းကလေးတွေကြည့်ပဲ ထွက်လာရတာ ပျော်စရာကြီးနော်""ဟုတ်ပ ငပလီသွားတုန်းကနဲ့ တစ်ခြားဆီပဲ အာရုံနောက်စရာတွေမပါတော့ အေးဆေးပဲအဆင်လေးတွေလည်း ကြိုက်သလောက်ငေးလို့ရတယ်"
"ဟီး ဟီး ဟုတ်တယ်"
အစုတ်ပလုတ်မတွေ!
အတိုင်အဖောက်ညီနေတဲ့ နှစ်ယောက်ကိုကြည့်ပြီး ဒီဒီ စိတ်ထဲကနေပဲ မေတ္တာပို့နေလိုက်တယ် ဟုတ်တယ်လေ သူတို့ဘဲတွေ သူတို့ဘာသာကဲတဲ့ကိစ္စမှာ ဟိန်းထက်ကို သူလည်းရှိရင် ကဲမှာပဲဆိုတဲ့စိတ်နဲ့ ဒီဒီက ဘယ်လိုစိတ်ဆိုးရမှာလဲ ဖြစ်မှမဖြစ်သေးတာ
ပြီးတော့ ခုမှချစ်သူဖြစ်တာ တစ်ပတ်တောင် မပြည့်သေး ချစ်လို့တောင်မ,ဝသေးတဲ့အချိန် ပညာပြဖို့တွေ မစဉ်းစားအားပါဘူး
သူတို့ဘာသာသူတို့ စိတ်ကောက်ပေါ့ ခုတော့ ချစ်စခင်စ အတွဲကိုပါဆွဲထည့်တာကတော့ လုံးဝအဓိပ္ပာယ်မရှိဘူး"ဒီဒီ နင်ကဘာဖြစ်နေတာလဲ ဘာလဲ ဘဲနဲ့ခွဲရမှာမို့ လွမ်းနေတာလား"
"ဘာမှ လွမ်းမနေနဲ့ မမဒီဒီ ယောကျာ်းတွေက ကောင်းတာမဟုတ်ဘူး"
"ဟုတ်တယ် ခုက ဟိန်းထက်မပါဘူးဆိုပေမယ့် ခုကတည်းက ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာသိရအောင် လုပ်ရမှာ ဒါမှနောက်ကျမှတ်သွားအောင်"
ဘာဆိုင်လဲ ဘာဆိုင်လဲ!! ဖြစ်မလာသေးတဲ့ ကိစ္စအတွက် ကြိုစိတ်ကောက်ပြီး သာယာရမယ့်အချိန်လေးကို ဖျက်စီးရအောင် ဒီဒီကအရူးမို့လား သူတို့တုန်းကတော့ တွဲတာတစ်ပတ်မပြည့်သေးပဲ ဘာပြသနာမှရှာမထားတဲ့သူကိုနောက်မလုပ်အောင်ဆိုပြီး ပညာပြလို့လား
ပါးစပ်ကမပြောရဲတော့ စိတ်ထဲကပဲကျိန်ဆဲနေရသည်
"ကဲပါ ခေါက်ထားလိုက် ငပလီမှာ ဝတီတို့သုံးယောက်အတူတူကောင်းကောင်းမပျော်ခဲ့ရတာကို ခုအတိုးချပြီးပျော်ကြမယ်"
သုံးယောက်အတူတူ မပျော်ရတာက ငါလုပ်တာမို့လို့လား သူတို့ဘာသူတို့ ဘဲနားကပ်ပြီး ငါ့တစ်ယောက်တည်းပစ်ထားခဲ့ကြပြီးတော့ ဟူး.....တွေးရင်းနဲ့ဒေါသထွက်လာပြီ စိတ်လျှော့ စိတ်လျှော့....
မနေ့ကတစ်နေ့လုံး ငှက်ပျောသီး နှစ်လုံးပဲစားထားတာရော သူတို့နှစ်ယောက်ကို စိတ်တိုတာရော လေယာဉ်မူးနေတာပါပေါင်းပြီး ဘာမှမပြောချင်တော့စွာ အိပ်လိုက်လာခဲ့တော့သည်....
YOU ARE READING
မင်းတစ်ယောက်သာ