Part 11

22.6K 552 7
                                    

Unicode

"ဟိုလူတွေပြန်မလာကြသေးဘူးနော်"

"ဟုတ်ပါရဲ့ ပုံတွေကြည့်နေတာနဲ့ သတိမထားမိဘူး ၆နာရီတောင်ခွဲနေပြီ"

ဇင်လဲ့နဲ့ဝတီတို့ အပြောကြောင့် ဒီဒီလည်း အပြင်ဘက်ကိုကြည့်လိုက်သည်.....မိုးတွေမဲပြီး လေတွေ စတိုက်နေပြီ...

"ဝတီသွားခေါ်လိုက်မယ်လေ"

"အစ်မလည်းလိုက်မယ်"

ပြောပြောဆိုဆို ဇင်လဲ့တို့နှစ်ယောက်ထွက်မလို့လုပ်ချိန်..

"အစ်မတို့ ကိုဟိန်းထက်က ရေနစ်......"

ဟိုဘက်အခန်းက ကောင်မလေးစကားတောင် မဆုံးသေး ဒီဒီစိတ်ထဲဝုန်းဒိုင်းကြဲကာ အပေါက်မှာရပ်နေတဲ့ နှစ်ယောက်ကို တွန်းတိုက်ပြီးကမ်းခြေဘက် ထွက်ပြေးလာသည်

"ရေနစ်နေတဲ့ ကလေးကို ကယ်လိုက်တာ သူ့မိဘတွေက ကျေးဇူးတင်စကားပြောနေလို့ ကြာဦးမယ်ဆိုပြီး ညီမတို့ကိုပြောခိုင်းလိုက်တယ် ပြောမလို့ကို မမဒီဒီကဘာဖြစ်သွားတာလဲဟင်"

​ကောင်မလေးစကားကြားတော့ ဇင်လဲ့နဲ့ဝတီ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်လိုက်ကြသည်...

"ဟား ဟား ဒီဒီမ ကတော့ အရာအရာနဲ့အကြောင်းကြောင်းကြည့်ပဲ လာ ဝတီ လိုက်သွားရအောင်"

"သူတို့က ဘာတွေဖြစ်နေတာလဲ လာ ငါတို့လည်း လိုက်စပ်စုရအောင်"
................

"ဒီဒီ ဘာဖြစ်....."

ကမ်းခြေကနေ ပြန်လာတဲ့ သူရတို့နှစ်ယောက် အလောတကြီးပြေးလာတဲ့ ဒီဒီကိုတွေ့တော့ မေးလိုက်ပေမယ့် ဒီဒီက သူတို့ကိုတောင် မြင်ပုံမရ ဖြတ်သွားပြီး ပြေးထွက်သွားတယ်

"သူ ဘာဖြစ်တာလဲ"

"ငါလည်းမသိဘူးလေ"

"ကိုကို"

"သဲလေး ဒီဒီဘာဖြစ်တာလဲ"

ဒီလို ကိုကိုရေ ဆိုပြီး ဝတီရဲ့ ရှင်းပြမှုအဆုံး

"ဟား ဟား ဟား ငါ့ကောင်ကြီးတော့ သူများကို ကယ်ပေးတာ ချက်ချင်းလက်ငင်း အကျိုးထူးတာပါလား"

"လာ လာ လဲ့တို့ ရုပ်ရှင်လိုက်ကြည့်ရအောင်"

​ပြောပြီး သူတို့လေးယောက်လည်း ကမ်းခြေကို ချီတက်လာခဲ့ကြသည်.....
.
.

မင်းတစ်ယောက်သာWhere stories live. Discover now