Part 26

26.4K 507 29
                                    

Unicode

"မောင်ရေ"

ခေါ်သံကြားလို့ အခန်းထဲဝင်ခဲ့တော့ မှန်ရှေ့မှာ နားကပ်ပန်နေတဲ့ သူမလေး

"မောင် လုပ်ပေးရမလား"

"လုပ်ခိုင်းမလို့ခေါ်တာမဟုတ်ဘူး.... ဒီဒီလှရဲ့လား ဘာလိုနေသေးလဲ ကြည့်ပေးဦး"

အနက်ရောင် dress လေးနဲ့ လိပ်ထားတဲ့ ဆံပင်လေးကို ပခုံးတစ်ဖက်မှာချထားကာ makeupကို လင်းလင်းလဲ့လဲ့လေးဖြစ်အောင် ပြင်ထားတဲ့ ချစ်သူလေးအလှက အသက်ရှူမှားလောက်သည်

"ဘာမှမလိုဘူး အရမ်းလှနေပြီ"

"နှုတ်ခမ်းနီအရောင်ထပ်ဖြည့်လိုက်ရဦးမလား ဖျော့နေလားလို့"

"မဖြည့်နဲ့တော့ လှတယ် တော်ကြာ သူ့သတို့သမီးငုပ်သွားလို့ ဟိုကောင် မောင့်ကိုစိတ်ဆိုးနေလိမ့်မယ်"

သူ့အပြောကို ပိုပြီဆိုတဲ့ အကြည့်နဲ့ကြည့်ကာ အခန်းပြင်ကို ထွက်သွားတဲ့ သူမလေးနောက်ကို လိုက်လာခဲ့လိုက်သည်

"ဖိနပ်စီးမလို့လား ပေး မောင်စီးပေးမယ်"

"ရပါတယ် ကိုယ့်ဘာကိုယ်စီးမယ်"

"ပေးပါ ဒီအဝတ်အစားကြီးနဲ့ ဘယ်လိုစီးမှာလဲ လာ ထိုင်ခုံမှာထိုင်"

ဒီဒီ့ကို ခုံပေါ်ထိုင်ခိုင်းပြီး ဒူးထောက်ကာခြေထောက်ကိုဆွဲယူပြီး ဖိနပ်စီးပေးနေသောမောင်..... ကြိုးကိုသေချာချိတ်ပေးပြီး ခြေသလုံးသားကို တစ်ချက်နမ်းရှိုက်ပြီးမှ လွှတ်ပေးသည်

"မောင်ကလည်း ခြေထောက်ကြီးကို"

"ခြေထောက်ကြီးမဟုတ်ဘူး မောင့်ချစ်သူခြေထောက်လေးပါ မျက်နှာလေးကို နမ်းချင်တာ အလှတွေပျက်ကုန်မှာစိုးလို့... လာ သွားစို့"

ထိုင်ရာမှထကာ လက်ကမ်းလာတဲ့ မောင့်လက်ကို ဆွဲပြီး ထွက်လာခဲ့လိုက်သည်.. ကားပေါ်ရောက်တော့ ဒီဒီ့ကို ခါးပတ်ပတ်ပေးရင်း

"ချစ်လေး ဟိုလေ...."

"ဒီနေ့ ပွဲကို မိုးသော်တာလာမှာ သူကနည်းနည်းရှေ့မကြည့်နောက်မကြည့် ပြောတတ် စတတ်တယ် ငယ်သူငယ်ချင်းအများစုရောလာမှာဆိုတော့ တကယ်လို့ အရင်က အကြောင်းတွေပြန်ပြောပြီး စကြရင် ချစ်လေးစိတ်မဆိုးနဲ့နော်....
ဒါပဲမလား မောင် ခဏတိုင်းပြောနေတာ အလွတ်ရနေပြီ"

မင်းတစ်ယောက်သာWhere stories live. Discover now