Unicode
"ဘာတွေလဲကွာ စိတ်ညစ်လာပြီ"
Tutorial ကိုခိုးချဖို့စာရွက်အသေးလေးဖြဲပြီးကူးနေရင်းကနေ ချန်းယောလ်စိတ်ညစ်လာရသည်။စိတ်ညစ်ညစ်နဲ့ငြီးငြူတော့ဘေးမှာထိုင်နေတဲ့ ခါအီကမျက်စောင်းထိုးလို့ကြည့်သည်။
"ကူးမှာသာကူးပါ။တစ်လုံးမှရတာလဲမဟုတ်ဘဲနဲ့။ဖုန်းနဲ့ခိုးတာလဲမိထားတော့ဒီတစ်ခါမဖြေခင်ကတည်းကငါတို့၂ယောက်ကိုဖုန်းသိမ်းလောက်တယ်ဆရာက"
ဘောပင်ကိုပြန်ကိုင်ပြီး ပုံနှိပ်စာအုပ်ထဲကစာတွေကူးနေရင်းကိုယ့်ကိုကိုယ်အလိုမကျဖြစ်လာရသည်။ဘာလို့သူဒီမေဂျာကိုယူမိသည်လဲ။တွေးရင်းနဲ့ခေါင်းတွေကိုက်လာပြီး အထက်တန်းတုန်းကစာသေချာမလုပ်ခဲ့တဲ့ကိုယ့်ကိုကိုယ်အပြစ်တင်မိသည်။
"Chemistry နဲ့ ငါတို့တွေ Chemistry မမိတာတော့မဟုတ်သေးဘူးနော်ငါ့ကောင်"
ချန်းယောလ်အပြောကိုခါအီကစာရေးရင်းအပြည့်အဝထောက်ခံ၏။
"အဲ့တာပြောတာလေ။ဘယ်နှယ့်ကွာ တက္ကသိုလ်ရောက်ရင် မိမိမိုက်မိုက်ဘဲကြီးတွေလုပ်ပါ့မယ်ဆိုမှ Tutorial ခိုးချနေရတာနဲ့တင် ဘာမှဆက်လုပ်လို့မရတော့ဘူး။ဒီကြားထဲ အိုဆယ်ဟွန်းကမလာတော့ ၂ယောက်ထဲခိုးချနေရတာ"
ဖုန်းNotiသံကြားတော့ အရင်ထဲကစာရေးရတာပျင်းနေတဲ့ချန်းယောလ်ဖုန်းကိုချက်ချင်းကိုင်လိုက်သည်။ဖုန်းကnotiကိုဖွင့်ကြည့်ပြီးသိပ်မကြာခင် သက်ပြင်းအရှည်ကြီးချလိုက်မိသည်။
"Tutoပြီးရင် ငါပြန်တော့မယ်"
"ဘာဖြစ်တာလဲ ရုတ်တရက်ကြီး"
"အိမ်ကိုစောပြန်ခဲ့ဖို့ မားသားကြီးကပြောနေလို့ပါကွာ"
~~~
အိမ်ပြန်ရောက်တော့လွယ်အိတ်လေးချကာရှိသေး မားသားကြီးကဧည့်သည်လာမှာမလို့ ဟင်းချက်ဖို့လိုတာလေးတွေသွားဝယ်ခိုင်းတော့သည်။လိုအပ်တာတွေကို ဖုန်းNoteမှာရေးထားတာမို့ ကုန်တိုက်ထဲရောက်တာနဲ့ မာမီမားသားပြောတဲ့ ဂျုံ နဲ့ မုန့်ဖုတ်ဆိုဒါကိုရှာမိတော့သည်။တွေ့တာနဲ့ခြင်းထဲထည့်လိုက်ပြီး စာရေးကိရိယာတွေထားတဲ့ဘက်သွားရသည်။
YOU ARE READING
Breathe
FanfictionIf I had to choose whether to breathe or to love you, I would use my last breath to tell you that I love you. ChanBaek Fanfiction [Myanmar] @Kura_Aiko