Episode 5

222 49 2
                                    

Unicode

ဘတ်ခ်ဟျွန်းကမနေ့ညကနှာခေါင်းပိတ်လို့တစ်ညလုံးနီးပါးမအိပ်ရတာမို့မနက်ကအိပ်ယာထနောက်ကျသည်။ခါအီနဲ့ဂယောင်ဆူးကမနက်စာသွားစားတော့ ဆယ်ဟွန်းပါလိုက်သွားပြီးစားခဲ့တာမလို့ ဘတ်ခ်ဟျွန်းနိုးမှအတူတူသွားစားဖို့ချန်းယောလ်တစ်ယောက်ပဲစောင့်ကာကျန်နေခဲ့တာဖြစ်သည်။

"ဘတ်ခ်ဟျွန်း အိပ်ရေးရောဝရဲ့လား"

မနက်စာစားတဲ့ဝိုင်းမှာဘတ်ခ်ဟျွန်းကစကားနည်းနေတာမို့ချန်းယောလ်ကမေးတော့ခေါင်းလေးငြိမ့်ပြသည်။အသားလုံးတွေကိုသူ့ပန်းကန်ထဲထည့်ပေးလိုက်တော့လဲငြိမ်ငြိမ်ကလေးစားသည်။

"နှာစေးနေသေးလား"

"နည်းနည်းပါ"

ဆရာဝန်ဖြစ်မယ့်သူဖြစ်ပါလျက်ကျန်းမာရေးကိုဂရုမစိုက်လို့ဆူလိုက်ချင်ပေမယ့်အပြစ်မတင်ရက်တဲ့စိတ်ကပိုအလေးသာသည်။

"ဒီနေ့ တောင်ပေါ်တက်တာလိုက်လို့ဖြစ်ပါ့မလား။ဟိုတယ်မှာပဲနားပြီးကျန်ခဲ့ချင်လား"

"ဟင့်အင်း ရောက်လာမှတော့လိုက်ချင်တာပေါ့"

လိုက်ဖို့စိတ်အားထက်သန်နေတဲ့ဘတ်ခ်ဟျွန်းကိုဆေးတိုက်ပြီးခေါ်လာရုံသာရှိတော့သည်။မနေ့ကလိုမြူတွေအုံ့ဆိုင်းမနေဘဲ နေလဲအတော်အသင့်ထွက်ပြီးရာသီဥတုသာယာတာမလို့တော်သေးသည်။

"ချန်းယောလ်"

"ဟင် ပြောလေ"

"စက်ဘီးစီးတတ်လားဟင်"

"အွန်းစီးတတ်တာပေါ့ဘတ်ခ်ဟျွန်းရဲ့။ဘာလို့လဲ ဘတ်ခ်ဟျွန်းစက်ဘီးစီးချင်လို့လား"

"ကျွန်တော်ပြောရင်မရယ်ရဘူးနော်"

တစ်ခုခုထူးဆန်းနေတာမလို့ဘာမှမပြောရသေးမယ့်ချန်းယောလ်ရယ်ချင်နေပြီဖြစ်သည်။

"တွေ့လား မရယ်ပါနဲ့ဆိုနေတာကို"

ဆူပုတ်သွားတဲ့ဆေးကျောင်းသားကအတည်ပေါက်ပြောစရာရှိနေသည့်ပုံပေါ်တာကြောင့် ရယ်တာကိုရပ်ပြီး ချန်းယောလ်မျက်နှာချင်းဆိုင်ထိုင်နေရာကနေ ခန္ဓာကိုယ်လေးကိုရှေ့နည်းနည်းတိုးလိုက်ရသည်။

BreatheTempat cerita menjadi hidup. Temukan sekarang