Episode 9

235 42 7
                                    

Unicode

"ငါနင်နဲ့ရှိရတော့ပျော်နေတာ"

မီနာ့ဘက်ကစကားစတော့ ချန်းယောလ်အပြုံးတစ်ခုနဲ့သာလူမှုရေးအရတုံ့ပြန်မိသည်။ဒီတစ်ပတ်လုံးမေမေ့ကြောင့်သူနဲ့အတူနေ့တိုင်းနီးပါးနေပေးနေရသည်။သူအပြင်သွားရင်လဲချန်းယောလ်လိုက်ပို့နေရပြီး ညဆိုလဲသူနဲ့ night out နေရတာတွေချန်းယောလ်သဘောမကျပါ။

ခုတလောဒီတစ်ယောက်ကြောင့် ဘတ်ခ်ဟျွန်းကိုတောင်အချိန်မပေးမိဘဲ ဘတ်ခ်ဟျွန်းအပြင်သွားချင်တယ်လို့ gp chatထဲမှာပြောထားတာကိုလဲအရင်လိုလိုက်ပို့မယ်လေလို့ ချန်းယောလ် reply မပြန်မိပါ။

ဂယောင်ဆူးရယ်ဆယ်ဟွန်းရယ်နဲ့အတူ ပိတ်ရက်တုန်းကအပြင်ထွက်လည်ခဲ့တာကိုလဲ gp chat ထဲအချင်းချင်းပို့ထားတဲ့ဓါတ်ပုံတွေကြောင့်ချန်းယောလ်သိရသည်။ခါအီကသူ့ဖေဖေနဲ့နိုင်ငံခြားခရီးစဥ်တစ်ခုလိုက်သွားတာမလို့ မလိုက်နိုင်တာဖြစ်ကြောင်းသူငယ်ချင်းတွေကိုကြိုပြောပြထားတာကိုဘတ်ခ်ဟျွန်းမြင်ရင် အကြောင်းပြချက်မပေးဘဲ ပျက်ကွက်သူကိုရော သူစိတ်ကွက်သွားမလား။

"ဟိုမှာနေရတာအဆင်ပြေတယ်ဆို ဘာလို့ပြန်လာတာလဲ"

"နင့်ကိုသတိရလို့"

မပြောရဲတာမရှိသူဖြစ်ကြောင်းအရင်ကတည်းကသိထားပြီးပြီဆိုပေမယ့် နိုင်ငံခြားမှာသွားနေပြီး ဒီလောက်အတင့်ရဲလာမယ်လို့မထင်ခဲ့တာတော့အမှန်ဖြစ်သည်။

"ငါ့မှာသဘောကျတဲ့သူရှိနေပြီးသား"

"သိတယ်လေ"

"သိရင်လဲ ရှေ့ဆက်မတိုးပါနဲ့"

သူမဆီကရယ်သံကိုကြားလိုက်ရသည်မို့ချန်းယောလ်ဒေါသတွေလိပ်ခနဲတိုးထွက်လာရသည်။ဒေါသစိတ်ကိုအသက်ဝဝတစ်ချက်ရှုရင်းလျော့ချလိုက်သည်။

"ချန်းယောလ်"

နောက်ပါးဆီကခေါ်သံကိုကြည့်လိုက်မိတော့ အဖြူရောင်ဂျူတီကုတ်ကိုလက်မှာချိတ်ရင်း ချန်းယောလ်ကိုကြည့်နေသူတစ်ယောက်။

ဂယောင်းဆူးအပြင်အခြားသူတို့အတန်းကလို့ထင်ရတဲ့ဂျူတီကုတ်နဲ့လူတစ်စုကိုမြင်တော့ အတန်းကလူတွေစုပြီးလာတာဖြစ်မည်လို့ချန်းယောလ်ကောက်ချက်ချမိသည်။

BreatheTempat cerita menjadi hidup. Temukan sekarang