Episode 11

127 27 5
                                    

Unicode

"ချန်းယောလ်ကလဲ စိတ်ဆိုးစရာမဟုတ်တာကြီးကို"

အတန်းထဲကသူငယ်ချင်းတစ်ယောက်နဲ့ဆုံတော့ သူငယ်ချင်း လို့မိတ်ဆက်ပေးလိုက်ခြင်းအပေါ် သူအတော်မကျေနပ်နေတာသိသာသည်။ဘတ်ခ်ဟျွန်းချော့နေတာကြာလာတဲ့အထိ သူ့ဘက်ကဘတ်ခ်ဟျွန်းကိုကြည့်မလာဘဲ ကားကိုပဲသေချာမောင်း၏။

"ချန်းယောလ်လို့..."

"ဘာတုန်း"

"စိတ်မဆိုးနဲ့လို့"

"သူငယ်ချင်းဆိုတာစိတ်ဆိုးခွင့်ရှိလို့လား"

"ချန်းယောလ်ကလဲ အဲ့လိုသဘောနဲ့ပြောလိုက်တာမှမဟုတ်ဘဲကို"

"ဒါဆိုဘာသဘောလဲ"

"ငါချန်းယောလ်ကိုချစ်ပါတယ်"

"အချစ်က မောင့်ကိုချစ်တာတော့သိပါတယ်။ဒါပေမယ့် သူငယ်ချင်းဆိုပြီးပြောတော့ ရင်ထဲအောင့်နေရော"

ရင်ဘတ်ကလေးကိုခပ်ဖွဖွပွတ်ပြီးပြောတော့ ဘတ်ခ်ဟျွန်းချန်းယောလ်လက်ကိုလှမ်းကိုင်လိုက်သည်။စီယာတိုင်ကိုလက်တစ်ဖက်တည်းနဲ့ထိန်းကိုင်ထားတဲ့ချန်းယောလ်ကဒီနေ့ဝတ်ထားသည့် ဂျင်းကုတ်ကလေးနဲ့လိုက်သည်။

"အချစ်...ဘာတွေစဥ်းစားနေတာလဲ"

"ဟင်"

"မောင်ပြောတာကြားလိုက်လား"

"ဘာပြောလိုက်တာလဲ"

"ခါအီအိမ်ထောင်ပြုရတော့မယ်ပြောတယ်"

"ဟင်!!"

"သူ့အဖေသဘောတူတဲ့ကောင်လေးတစ်ယောက်နဲ့"

"ဟမ်!!"

"ရည်းစားခေါ်မပြနိုင်ရင် ဒီsemesterပြီးရင်လက်ထပ်ရမယ်ထင်တယ်"

"ဟာ!!"

"အဲ့တာသူ့ရည်းစားအဖြစ်ဂယောင်ဆူးကိုဟန်ဆောင်ဖို့အကူအညီတောင်းမလို့တဲ့"

"ဘာ!!!"

"အချစ်ကလဲ ဘယ်လိုတွေဖြစ်နေတာလဲ"

"ဒါဆိုချန်းယောလ်လဲအဲ့ဒီထူးဆန်းတာတွေဘာလို့ဆက်တိုက်ပြောနေလဲ"

"သိထားတာလေးပြောပြတာကို ဒါပေမယ့်လေဖြစ်ပါ့မလားအကူအညီတောင်းလို့"

You've reached the end of published parts.

⏰ Last updated: 6 days ago ⏰

Add this story to your Library to get notified about new parts!

BreatheWhere stories live. Discover now