Unicode
"ဘတ်ခ်ဟျွန်း"
စိတ်မထိန်းနိုင်စွာလွှတ်ခနဲထွက်သွားတဲ့အမည်နာမ
"ခင်ဗျာ...ကျွန်တော့်ကိုသိသလား"
သူခိုးလူမိသလိုဖြစ်သွားတာမို့ တစ်စက္ကန့်န့်အတွင်းချန်းယောလ်မျက်တောင်တွေခတ်လိုက်မိတာအကြိမ်အရေအတွက်မနည်းလှ။သူတံတွေးတစ်ချက်မြိုချပြီး ချောင်းတစ်ချက်ဟန့်ကာလည်ချောင်းရှင်းလိုက်တာအထိ ရှေ့ကမြတ်နိုးရသူကမျက်တောင်မခတ်တမ်း ကြည့်နေသည်။
"ကျွန်တော့်နာမည်က ပတ်ချန်းယောလ်ပါ။ ယုံဟွားဂုလ် အထက်တန်းကျောင်းကပါ"
အထက်တန်းကျောင်းတူခဲ့ဖူးတာသိသွားတဲ့အခါ ခုနကထူးထူးဆန်းဆန်းအကြည့်တွေပျောက်သွား၏။
"အော် ဟုတ်ကဲ့။အထက်တန်းကျောင်းတူခဲ့တာပဲ။အားနာပေမယ့် အဲ့ဒီဘက်ကတစ်ယောက်ကိုကျွန်တော်မသိ..."
"ဟုတ်တယ်။ကျွန်တော်တို့ကအတန်းတူပေမယ့် အခန်းမှမတူဘဲ။ကျွန်တော်ကတော့ ဘတ်ခ်ဟျွန်းကိုသိပါတယ်"
ဒီလိုပြောတော့လဲ ဘတ်ခ်ဟျွန်းမအံ့သြပါ။ဘတ်ခ်ဟျွန်းကထူးချွန်ကျောင်းသားဖြစ်တာမို့ မသိတဲ့သူခပ်ရှားရှားမဟုတ်ပါလား။
"အော် ဟုတ်ကဲ့"
"ဒီမှာကျောင်းတက်နေတာလားဟင်"
"ဟုတ်တယ်ဗျ"
ချစ်ရသူဆီကတုံးတုံးတိတိအဖြေစကားတွေကပင် ချန်းယောလ်အတွက်နားဝင်ချိုလို့နေ၏။
"ဒါဆိုခွင့်ပြုပါဦး"
ထွက်သွားသူရဲ့ကျောပြင်ကိုငေးရင်းနေရာမှာရပ်နေမိ၏။အပြင်ဘက်မှာမိုးရွာနေတာကို ကော်ဖီဆိုင်ရဲ့မှန်ပြတင်းပေါ်ကျလာတဲ့မိုးစက်ကလေးတွေကသက်သေပြုသည်။
ချန်းယောလ်စားပွဲမှာထားခဲ့တဲ့လွယ်အိတ်လေးထဲကခေါက်ထီးလေးကိုအမြန်ထုတ်ရင်း ဆိုင်အပြင်ဘက်ပြေးသွားတာကိုခါအီရောဂယောင်ဆူးပါဘာမှမမေးနိုင်လိုက်ဘဲကြည့်နေမိသည်။
အပြင်ရောက်တော့ မျက်လုံးကိုဝေ့ဝဲရှာတဲ့အခါသိပ်မကြာလိုက်ဘဲတွေ့ရသည်။ ဆိုင်နဲ့မလှမ်းမကမ်းမှာ ဂျူတီကုတ်ကိုခေါင်းပေါ်လွှားခြုံထားတဲ့သူဆီချန်းယောလ်ပြေးမိတော့သည်။ သူ့အနားရောက်တော့အရှိန်ကိုလျှော့လိုက်ပြီး သူ့ရှေ့ကိုပိတ်ရပ်ကာ ထီးကိုသူ့အပေါ်မိုးပေးမိ၏။

BINABASA MO ANG
Breathe
FanfictionIf I had to choose whether to breathe or to love you, I would use my last breath to tell you that I love you. ChanBaek Fanfiction [Myanmar] @Kura_Aiko