Episode 8

228 44 4
                                    

Unicode

သူငယ်ချင်းတွေကြား သိသိသာသာကြီးရှောင်ထွက်နေတာမျိုးမဖြစ်ချင်တာမို့ ရုပ်ရှင်သွားကြည့်မည့်အစီအစဥ်ထဲဘတ်ခ်ဟျွန်းပါလာရသည်။ချန်းယောလ်မျက်နှာမှာပေါ်နေတဲ့ပျော်ရွှင်ခြင်းတွေက ဘတ်ခ်ဟျွန်းဆီကိုပါမသိမသာသက်ရောက်၏။

ရုပ်ရှင်ရုံရဲ့ အလယ်ပိုင်းခုံတန်းတွေလောက်ကနေလက်မှတ်ဖြတ်ပြီး ချန်းယောလ်ကဘတ်ခ်ဟျွန်းကြိုက်တဲ့မုန့်တွေဝယ်လာသည်ကိုဆယ်ဟွန်းကသူ့အတွက်လားလို့မေးတော့ ကိုယ့်ဘာသာဝယ်မစားတတ်ဘူးလားလို့ပြန်ပြောသူကြောင့် ထရန်ဖြစ်တော့ဘတ်ခ်ဟျွန်းဝင်ခွဲရသေးသည်။

"ဘတ်ခ်ဟျွန်း"

ထိုင်ခုံမှာအကျအနနေရာယူပြီးဖြစ်တဲ့ဘတ်ခ်ဟျွန်းလက်ထဲအဆင်သင့်ဖောက်ပြီးသားColaလေးရောက်လာသည်။

"ရေလဲပါတယ်"

ဘတ်ခ်ဟျွန်းခေါင်းပဲငြိမ့်ပြတော့လဲမျက်လုံးတွေမှိတ်မတတ် ပြန်ပြုံးပြသူကဒီနေ့အနက်ရောင်ဂျင်းကုတ်ကိုဝတ်ထားသည်။

သရဲမကြောက်တတ်တဲ့ဆရာဝန်လောင်းလျာကို သရဲပေါ်လာတော့မယ်လို့ထင်တာနဲ့အင်္ကျီစလာဆွဲသူကပဲသရဲပိုကြောက်နေပုံရသည်။ဇာတ်ကားတစ်ခုလုံး သရဲလာတဲ့အခန်းဆိုချန်းယောလ်မျက်လုံးမှိတ်ထားပုံက တစ်ကားလုံးကိုဖွင့်မကြည့်ခဲ့သလိုတောင်ထင်ရ၏။

"ကြောက်နေလားချန်းယောလ်"

ဟန်ကို့ဖို့မကြောက်ဘူးပြောဖို့ပြင်နေသူကိုကျွန်တော့်လက်ဖဝါးကိုဖြန့်ကာမျက်စပစ်ပြလိုက်သည်။

"ကြောက်ရင်ကိုင်ဖို့ပါ မကိုင်ရင်လည်းရ...."

ခပ်တင်းတင်းဖိကိုင်လာသူကြောင့် ခပ်အေးအေးဖြစ်နေတဲ့လက်ကလေးနွေးသွားရသည်။

မထင်မရှားမီးရောင်အောက်မှာဘတ်ခ်ဟျွန်းပြုံးနေတာ သူမြင်လိုက်မယ်မထင်ပါ။ချစ်လားဆိုတဲ့စကားကိုငြင်းလိုက်ပေမယ့် မျက်နှာလွှဲခဲပစ်သူ့ကိုမှကျွန်တော်မထားနိုင်ဖြစ်နေရသည်။

နှစ်ယောက်တစ်တွဲစီကိုတစ်ဖက်တစ်ချပ်စီထားရင်းအလယ်ကထိုင်ပြီးတစ်ယောက်တည်းသရဲကားကိုအားတင်းကြည့်နေရတဲ့အိုဆယ်ဟွန်းခမျာ လောကဓံကိုအတော်ရင်ဆိုင်နေရပုံပေါ်သည်။

BreatheWhere stories live. Discover now