Episode 7

241 43 3
                                    

Unicode

ဘတ်ခ်ဟျွန်းဆီက "အဆင်ပြေရင် မနက်ဖြန်ကျောင်းက ကော်ဖီဆိုင်မှာတွေ့ကြမလား" ဆိုတဲ့မက်ဆေ့ချ်ရပြီးကတည်းကချန်းယောလ်အိပ်မပျော်တာဖြစ်သည်။မနက်မိုးလင်းကတည်းကခပ်ဖွဲဖွဲရွာနေတဲ့မိုးကိုကြည့်ပြီးရာသီဥတုကလဲကိုယ့်ဘက်သိပ်မပါတာကိုသတိထားမိသည်။ကျောင်းပိတ်ရက်နည်းနည်းပဲရလိုက်တဲ့ဆေးကျောင်းသားလေးက ကျွန်တော်တို့ထက်ကျောင်းဖွင့်တာစောသည်။

အဲ့နေ့ကဘတ်ခ်ဟျွန်းဘယ်လိုကျန်ခဲ့လဲမသိပေမယ့် ကျွန်တော့်ကိုလက်မခံရင်လို့တွေးမိပြန်တော့ တစ်ယောက်တည်းကမ္ဘာပျက်ရသူကချန်းယောလ်။ဘတ်ခ်ဟျွန်းဆီကမနက်ဖြန်တွေ့ဖို့ချိန်းတဲ့စာရရချင်းသူငယ်ချင်း၂ယောက်ကိုပြောပြမိတော့ ချက်ချင်းTarotဆရာမကိုသွားမေးလိုက်ပုံရသည်။ မနက်ဖြန်သာချိန်းရင်အဖြေရမှာသေချာပြီး ကံတရားကတစ်နေကုန် ချန်းယောလ်ဘက်မှာမို့စိတ်ချထားဖို့ Tarot ဆရာမကပြောသည်တဲ့လေ။

ရှေ့က ဖန်ခွက်မှာ ရေစက်တွေသီးနေတဲ့ Americano အေးအေးလေးကိုမော့ချရင်းခဏခဏသက်ပြင်းချမိသည်။မနေ့ညကမအိပ်ရသေးပေမယ့် အိပ်ချင်စိတ်ကရှိမနေခဲ့ပါ။လက်ကနာရီကလေးကိုတစ်ချက်ငုံ့ကြည့်လိုက်တော့ချိန်းထားတာထက် ၁၅မိနစ်လောက်လွန်နေပြီဖြစ်သည်။

"ချန်းယောလ်"

ချန်းယောလ်နာရီငုံ့ကြည့်နေရင်းချန်းယောလ်ရှေ့ဝင်ထိုင်လာသူကိုချန်းယောလ်မတွေ့ရတာတစ်ပတ်တိတိပြည့်တဲ့နေ့။

"ဘတ်ခ်ဟျွန်း ဘာသောက်မလဲ။ကိုယ်သွားမှာပေးမယ်လေ။ချောကလက်ပူပူလေးကြိုက်တယ်မလား။ခဏလေးနော် ကိုယ်သွားမှာပေးမယ်"

ဘတ်ခ်ဟျွန်းစကားပြောဖို့မတိုးလိုက်ပုံရသည်။ချန်းယောလ်ချက်ချင်းကောင်တာကိုထသွားရင်း ချောကလက်ပူပူလေးတစ်ခွက်မှာသည်။ချန်းယောလ်ပြန်ဝင်ထိုင်တာနဲ့ ဘတ်ခ်ဟျွန်းခါးလေးမတ်သွားသည်။

"ကျွန်တော်ချန်းယောလ်ကိုပြောစရာရှိလို့ ချိန်းလိုက်တာ"

"ပြောပါ"

ဘတ်ခ်ဟျွန်းကဂျူတီကုတ်အိပ်ကပ်ထဲကတစ်ခုခုကိုထုတ်ပြီး စားပွဲခုံပေါ်ကာ ချန်းယောလ်ဘက်တိုးပေးလိုက်သည်။

BreatheTempat cerita menjadi hidup. Temukan sekarang