Episode 4

213 49 6
                                    

Unicode

မြူတွေထူနေတဲ့လမ်းကဘေးဘီဝဲယာကိုလဲသိပ်မမြင်ရသေး ။ ဆိုးလ်ကနေ ကားနဲ့ဆို၈နာရီကျော်၉နာရီလောက်သွားရတဲ့ခရီးဖြစ်လို့ မနက်၄နာရီထဲက ခရီးစထွက်လာခဲ့တာ။စာမေးပွဲတွင်းသိပ်သွားမတွေ့ဖြစ်ခဲ့တဲ့မျက်နှာကလေးက စာလုပ်များလို့အနည်းငယ်ချောင်ကျနေတာမြင်တော့ရင်ထဲမကောင်း။

အလင်းရောင်သဲသဲကွဲကွဲမမြင်ရသေးတဲ့ မနက်၅နာရီဆိုတဲ့အချိန်ကြောင့်ကားထွက်ပြီးသိပ်မကြာခင်ကတည်းက ဆယ်ဟွန်းကဟိုးနောက်ဆုံးခုံမှာဆန့်ဆန့်ကြီးသွားအိပ်နေတော့သည်။ဂယောင်ဆူးကကားမောင်းနေတဲ့ခါအီ့ကိုအဖော်ပြုပေးနေတော့ ချန်းယောလ်မှာ ဘတ်ခ်ဟျွန်းနဲ့အတူတူထိုင်ရင်းစကားဘယ်ကစရမလဲစဥ်းစားနေရ၏။

အောက်ခံရှပ်အဖြူလေးပေါ်ကို အပြာနုတီရှပ်လေးထပ်ဝတ်ထားတဲ့ ဘတ်ခ်ဟျွန်းကတစ်လမ်းလုံးသီချင်းနားထောင်ရင်းလိုက်လာသည်ကိုချန်းယောလ်သတိပြုမိ၏။သူငယ်ချင်းအများကြီးမရှိခဲ့သူမို့ သူငယ်ချင်းတွေအများကြီးနဲ့ခရီးထွက်လာရတော့ပျော်နေပုံပေါက်သည့်မျက်နှာကလေးက လန်းဆန်းလို့...

ခရီးကတောင်ပေါ်မြို့ကလေးဖြစ်ပြီး အခုလိုဆောင်းဦးမှာတောင် အခြားနေရာတွေထက် အအေးဓါတ်ပိုကဲသည့်နေရာဖြစ်တာကြောင့်အနွေးထည်အများကြီးယူလာရမည့်ခရီးမျိုးဖြစ်သည်။

"Luggage ထဲမှာတော့အနွေးထည်တွေထည့်ထားပေးတယ်"လို့ကားပေါ်မတက်ခင်ပြောလိုက်တဲ့ ဘတ်ခ်ဟျွန်းမေမေရဲ့စကားကြောင့် ဟိုရောက်ရင်အနွေးထည်ဝတ်ဖို့ရှိပါ့မလားစိတ်မပူပေမယ့် အခုဝတ်ထားတဲ့ခပ်ပါးပါးအပေါ်ထပ်ရှပ်ကလေးကြောင့်ချန်းယောလ်စိုးရိမ်နေမိသည်။လက်ကလေးတွေအေးနေလို့ ခဏခဏရှပ်အင်္ကျီအပါးလေးထဲထည့်လိုက်တာကိုချန်းယောလ်မြင်တော့

"အေးနေမှာစိုးလို့"

ဘတ်ခ်ဟျွန်းပေါင်ပေါ်တင်ထားတဲ့လက်တွေပေါ်လွှားကာခြုံလာပေးတဲ့ ချန်းယောလ်ရဲ့ long coat ကြီးက ဘတ်ခ်ဟျွန်းခြေထောက်တွေထိပါလုံသည်။

"ကျေးဇူးတင်ပါတယ်"

"လက်ဖြန့်လိုက်"

"ဟမ်"

BreatheHikayelerin yaşadığı yer. Şimdi keşfedin