Unicode
"ဖြေလေ ကိုယ့်ကိုသဝန်တိုသလားလို့"
"ချစ်နေတယ်ထင်တယ်"
"ဟင်"
ချန်းယောလ်ကိုမျက်လုံးချင်းကြည့်မလာဘဲပြောလိုက်တဲ့စကားက ချန်းယောလ်လိုချင်တဲ့အဖြေပဲဟုတ်တယ်မလား။ချန်းယောလ်နားကြားမှားတာမဟုတ်ဘူးမလား
"ဘတ်ခ်ဟျွန်း ဒီကိုကြည့်ဦး"
မျက်ဆံကလေးတောင်မြောက်ပြေးနေတာကိုကြည့်ရုံနဲ့တင်ချန်းယောလ်ပြုံးမိသည်။
"ကိုယ့်ကိုသဝန်တိုနေတာချစ်လို့မလား"
"မ...မချစ်ရင် ဘယ်သူက ... မသိဘူးသွား"
"သိရဲ့သားနဲ့"
"...."
"ဖြေဦး ချစ်လားလို့"
"အင်း"
"အင်းကဘာလဲ"
"မချစ်တာမဟုတ်ဘူး"
"မချစ်တာမဟုတ်တော့ ဘာလဲလို့"
"ချစ်တယ်"
ချန်းယောလ်သဘောတကျပြုံးတော့သူလဲပြုံးသည်။ချန်းယောလ်လက်ဖဝါးထဲကသူ့လက်နွေးနွေးလေးကိုကိုင်ထားရတာကဘယ်လိုခံစားချက်လဲလို့မေးရင် တိမ်တွေကိုဖမ်းဆုပ်ရတဲ့ခံစားချက်မျိုးဖြစ်မည်ထင်သည်။
"ချန်းယောလ်"
"..."
"ခေါ်နေတာကိုမထူးဘူး"
"မောင်လို့ခေါ်ရင်ထူးမယ်"
"မထူးလဲနေတော့"
"အချစ်ကကွာ"
ရင်ခွင်ထဲထည့်လိုက်တဲ့အချစ်ကိုယ်လုံးလေးကိုတယုတယထွေးပွေ့ရင်းအပြုံးတွေကရပ်တန့်မရ။
"ပြောဦးမယ်"
ရင်ခွင်ထဲကနေရုန်းထွက်ပြီးချန်းယောလ်ကိုမျက်နှာချင်းဆိုင်လာတဲ့ချန်းယောလ်ရဲ့ပူပူနွေးနွေးရည်းစား။
"ပြောပါဦး"
"တွဲနေတာကိုဘယ်သူမှမပြောနဲ့ဦး"
ချန်းယောလ်မျက်မှောင်ကြုံ့သွားတော့လဲ မျက်နှာငယ်လေးနဲ့
"ချန်းယောလ်လာမတွေ့တဲ့တစ်ပတ်စာကိုချော့လိုက်တာနဲ့အဖြေပါပေးလိုက်တာသိရင်သူငယ်ချင်းတွေကလုပ်မှာပေါ့"

ESTÁS LEYENDO
Breathe
FanfictionIf I had to choose whether to breathe or to love you, I would use my last breath to tell you that I love you. ChanBaek Fanfiction [Myanmar] @Kura_Aiko