Episode 3

268 56 7
                                    

Unicode

တဖြည်းဖြည်းတိုးတက်လာခဲ့တဲ့ဆက်ဆံရေးတွေအပေါ်မှာ ချန်းယောလ်အခွင့်ကောင်းမယူနိုင်သေးလို့ သူငယ်ချင်းနှစ်ယောက်ရဲ့အပြောမှာ ထုံထုံထိုင်းထိုင်းကောင်ကြီးဖြစ်ခဲ့ပြီးပြီ။

ဒါပေမယ့်လည်း ချန်းယောလ်အပေါ် ဘတ်ခ်ဟျွန်းဘက်ကပေးလာတဲ့ခင်မင်မှုကိုမပျက်ချင်တာမို့ ကျောင်းနေဘက်သူငယ်ချင်းလား၊ထီးငှားပြီးကူညီပေးခဲ့တဲ့သူလား၊အကြောင်းပြချက်မရှိ ဘတ်ခ်ဟျွန်းညဘက်စာကျက်ရင်စားဖို့ပါဆိုပြီး သူ့အိမ်ရှေ့ထိမုန့်တွေသွားသွားပေးတဲ့သူငယ်ချင်းကောင်းလား ဘယ်လိုခေါင်းစဥ်တပ်ရမလဲမသိတဲ့ဆက်ဆံရေးမှာရပ်တန့်နေဆဲ...

ဒီနေ့တော့ ဘတ်ခ်ဟျွန်းကအတန်းစောပြီးမယ်ထင်တယ်လို့မနေ့ညကပြောထားတာမလို့ ချန်းယောလ် SNU ရဲ့ ဆေးကျောင်းရှိတဲ့ Yeongeon Campus ကိုခါအီနဲ့အတူလိုက်လာမိသည်။ဘတ်ခ်ဟျွန်းဆီကိုတော့ အတန်းကသူငယ်ချင်းတစ်ယောက်ကSNUကိုလာဖို့ရှိတာကိုအဖော်လိုက်လာပေးရလို့ သူကျောင်းရောက်နေကြောင်းစာပို့ထားလိုက်သည်။

ခုံတန်းတစ်ခုမှာဝင်ထိုင်ရင်းအတန်းချိန်ပြီးမှာကိုစောင့်နေမိသည်။ခါအီကဖုန်းပြောဖို့ခဏထွက်သွားတော့ ဘေးဘီဝဲယာကအလှစိုက်ထားတဲ့ပန်းကလေးတွေထံအကြည့်ရောက်သွား၏။Cosmosအဖြူလေးတွေကိုအစီအစဥ်တကျစိုက်ထားခြင်းက မျက်စိပသာဒဖြစ်စေတာအမှန်ပင်။အဖြူရောင်Cosmos တစ်ပွင့်ကိုခူးကာ လက်ကိုမြှောက်လိုက်ရင်း ကောင်းကင်ပြာပြာနှင့်တွဲကာဓါတ်ပုံရိုက်လိုက်သည်။

"ချန်းယောလ်"

နောက်ပါးဆီကခေါ်သံကိုကြားတော့ ချန်းယောလ်ပန်းကိုင်ထားတဲ့လက်ကိုမချရသေးဘဲ နောက်ကိုလှည့်ကြည့်မိသည်။အဖြူရောင်ဂျူတီကုတ်ကို စတိုင်ပန့်အဖြူလေးနဲ့တွဲဝတ်ထားတဲ့ ဒီအဖြူရောင်ဆေးကျောင်းသားကလေးဟာ ချန်းယောလ်လက်ထဲက Cosmos အဖြူလေးထက်ပိုလို့ချန်းယောလ်စိတ်ကိုဖမ်းစားသည်။

"စောင့်နေရတာကြာသွားလား"

"မကြာ...မကြာပါဘူး"

စကားတွေအထစ်ထစ်အငေါ့ငေါ့နဲ့ချန်းယောလ်တစ်ယောက် ဖုန်းကို ကုတ်အင်္ကျီထဲထိုးထည့်လိုက်ပေမယ့် cosmosလေးကိုတော့ အိတ်ထဲမထည့်ဘဲကိုင်ထားမိသည်။

BreatheWhere stories live. Discover now