Episode-3(Uni)

1.9K 106 5
                                    


"ကိုကို!"

ထိုအခိုက်ဝယ်မာနမာန်ရှိန်တစ်ကိုယ်လုံး ကြက်သီးမွှေးတွေထောင်သွားတော့သလို လှုပ်ရှားမှုအလုံးစုံရပ်တန့်သွားတော့သည် ။

"အို..ကြက်သီးတောင်ထတယ်"

သူပဲခေါ်ပြီးသူကပဲကြက်သီးထနေသည် ။ သူလှည့်
ကြည့်တော့မထုံတတ်တေးအမူအရာနှင့် သူ့ကိုပြန်
ကြည့်နေသည် ။

"အဲ့လိုခေါ်တာရောကြိုက်လား"

ကျစ်!

သူပဲခေါ်ချင်လို့အဲ့လိုခေါ်ပြီးပြီမဟုတ်လား ။လူကိုအခုမှလာမေးနေသေးသည် ၊ ကိုယ်ကလည်းအဲ့နာမ်စားကိုကြားရလွန်းလို့ စိတ်ပျက်နေတာကို ။ ငြိမ်နေရင်လည်းကြိုက်တယ်လို့ထင်နေဦးမည်။

"အဆင်ပြေသလိုသာခေါ်"

အခန်းထဲရောက်တော့ဖုန်းမြည်သံတွေက ဆက်တိုက်ပေ ၊သူမကိုင်ပဲထားတာတောင်ဆက်ခေါ်နေတုန်းပင်။ စိတ်ရှုပ်ရှုပ်ဖြင့်ကြည့်မိတော့ သူ့ရဲ့ဘယ်နှစ်ယောက်မြောက်မှန်းမသိသော ရည်းစား။

"ကိုကို"

ဖုန်းကိုင်လိုက်သည်နှင့်ထွက်လာသောချွဲပစ်ပစ်အသံ
ကြောင့်မျက်မှောင်ကျုံ့မိသည် ။ ကာယံသီဆိုတဲ့တစ်
ယောက်အသံတောင်သူ့ထက်ကောင်းမည်ဟု မှတ်ချက်ပေးမိသည် ။

"အလုပ်ရှုပ်နေတယ်"

ဒါကမိန်းကလေးတစ်ယောက်ကိုဖုန်းပြောတဲ့လေသံလားဆိုဟုတ်တယ်ပေါ့ ။ သူမှနူးနူးညံ့ညံ့မပြောတတ်တာ ၊ ပြီးတော့မိန်းမတွေအရမ်းနူးညံ့ပြရင်လည်းသူမကြိုက် ။ ယောကျာ်းဖြစ်ပြီးနူးညံ့တဲ့ကာယံသီလိုကောင်မျိုးကတော့သူမကြိုက်ဆုံးပင် ။

"ကိုကိုမနက်ဖြန်အားလား"

"မအားဘူး"

"သဘတ်ခါရော"

"မအားဘူး"

"နောက်အပတ်ရော"

"ငါအားတဲ့အခါဖုန်းဆက်မယ်"

ပြောဆိုပြီးသူဖုန်းချလိုက်သည်။ တစ်ဖက်အဖွဲ့ခေါင်းဆောင်ကိုစိတ်ပိုင်းဆိုင်ရာအားနည်းအောင်ဟုဆိုကာ
်အသင်အပြကောင်းတဲ့နည်းပြက သူ့ကိုကြိုက်နေသောထိုကောင်မလေးကိုတွဲခိုင်းသည် ။ သူတို့နဲ့ပြိုင်မယ့်ကောင်ကလည်း ဒီကောင်မလေးကိုကြိုက်နေတာမို့တဲ့ ။ ဒီလိုအဓိပ္ပါယ်မရှိတာမလုပ်ချင်ပေမယ့် သူလည်းရည်းစားမထားတာတစ်ပတ်ပြည့်တော့မှာမို့ ထိုကောင်မလေးကိုတွဲလိုက်ခြင်းဖြစ်သည် ။ အရမ်းချွဲလွန်းတာကလွဲရင် ကောင်မလေးကသူ့အတွက်အဆင်ပြေပါသည် ။

Bad Boy Gone Love(COMPLETED)Where stories live. Discover now