Episode-10(Uni)

1.3K 71 2
                                    

အချိန်တွေကုန်လွန်သွားလည်းပြောင်းလဲခြင်းမရှိတဲ့
အရာတွေမှာ ငါရယ်၊မင်းကိုချစ်တဲ့ငါ့စိတ်ရယ် ။

-----

လွန်ခဲ့သောတစ်နှစ်ခန့်က

"ငါမင်းနဲ့နေပါရစေ"

"မင်းမှာငါနဲ့အိပ်ဖို့အရည်အချင်းရှိတယ်ထင်လား"

တစ်နိုင်လုံးရဲ့အသည်းစွဲနိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်ယောက်နှင့် အိပ်ဖို့ဆိုတာထင်သလောက်မလွယ်မှန်းသူသိသည် ။ စိတ်ကိုအဆုံးထိတင်းပြီး ရခဲတဲ့အခွင့်အရေးကိုအသုံးချဖို့ သူစဉ်းစားထားသည်။

"ငါ့ကိုမမှတ်မိဘူးလား မိုး"

ချစ်ရသူသေချာပေါက်သိလောက်မည့်အမည်နာမဖြစ်
ပါလိမ့်မည် ။ အခုအချိန်ထိမိုးဝသန်ရှိန်ဆိုတဲ့လူကိုမိုး
လို့အဖျားစွတ်ခေါ်တာ သူတစ်ယောက်ပဲရှိသည်လေ။

"ဒါကြောင့်မင်းကိုသူနဲ့တူပါတယ်လို့"

"အင်း မင်းသဘောကျတဲ့သူနဲ့လည်းခပ်ဆင်ဆင်ဖြစ်နေတယ်မလား"

မိုးအနုပညာလောကထဲဝင်သည့် အကြောင်းရင်းကိုသိသူမို့ မိုးသဘောကျသည့်လူနှင့်အနီးကပ်နေကာ
ထိုလူ့ပုံစံနှင့်တူအောင် သူအမြဲနေခဲ့သည်။ သူကမိုးအပေါ်အဲ့လောက်တောင်ရူးမိုက်ခဲ့ခြင်းမျိုး။

"မင်းတကယ်ကြိုးစားထားတာပဲ တကယ်စင်ပါတယ်
ဒါပေမယ့်မင်းကဘယ်တော့မှသူဖြစ်မလာဘူး"

"ဒါပေါ့ သူနဲ့ဆင်တဲ့ငါကတော့မင်းကိုချစ်ပေမယိ့ သူကတော့မင်းကိုမချစ်ဘူးလေ"

ပျက်ယွင်းသွားသောမိုးရဲ့မျက်နှာကြောင့် သူနာကျည်းစွာရယ်မိသည် ။ တချို့အမှန်တရားတွေကခါးသည်၊
မိုးသေဘာက်တဲ့လူကမိုးကိုမခ်စ္သလို မိုးကလည်းငါ့ကိုမချစ်တာမျိုးပေါ့ ။

"မင်းကငါနဲ့အိပ်ဖို့အတွက်ပဲဒီလိုလုပ်မယ်မထင်ဘူး"

"ငါကမင်းအနားရှိချင်ရုံပဲ"

"မင်းရဲ့ကြိုးစားမှုကြောင့်အခွင့်အရေးပေးကြည့်မယ်လေ ငါ့စိတ်ပါလာရင်မင်းနဲ့အိပ်ပေးမယ်"

မိုးရယ် ခင်ဗျားကငါ့ကိုသိပ်အထင်သေးတာပဲ ။ငါကဆယ်စုနှစ်တစ်ခုထိမင်းတစ်ယောက်ထဲကို ငေးကြည့်ခဲ့တယ်ဆိုတာမင်းသိရက်သားနဲ့ ။မင်းရဲ့အားနည်းချက် ၊အားသာချက်တွေအကုန်နီးပါးကို ငါသိပါတယ်။

Bad Boy Gone Love(COMPLETED)Where stories live. Discover now