Episode-12(Uni)

1.3K 77 5
                                    

လွန်ခဲ့သောတစ်ပတ်က

"ဘာလို့တွေ့ချင်တာလဲ"

ဦးထုတ်အနက်ကိုခပ်ငိုက်ငိုက်ဆောင်းထားသူဆီက
ထွက်လာသောအသံဖြစ်သည် ။ သူ့ဘေးတွင်တော့
ခရမ်းရင့်ရောင်hoodieကိုshort plantနဲ့တွဲဝတ်ထားသူက အရှေ့ကအုတ်ဂူကိုစိုက်ကြည့်ပြီးဘာမျှမဆို။

"လင်းလက်ကလုပ်ကြံခံရတာ"

"ဘာ!"

မာနသူ့အားဒေါသတကြီးအကျႌလည်ပင်းစကိုဆွဲထားသူရဲ့လက်ကို ပြန်လည်ဆုတ်ကိုင်လိုက်သည်။

"ဘာကြောင့်လဲ ဘယ်သူကလုပ္တာလဲ"

"မင်းနဲ့ငါ့ကြောင့်ပဲ ငါတို့လုပ်ခဲ့တာတွေအတွက်လင်းလက်ကသားကောင်ဖြစ်သွားတာ"

"မဟုတ်မှ! aoki.."

သူတို့နှစ်ယောက်လုံးရဲ့အတိတ်ဆိုးကြီးတစ်ခု ၊ဆယ်တန်းဖြေပြီးမှာပဲဂျပန်ကို သူနှင့်မာနအလည်သွားခဲ့ကြသည်။ အသစ်အဆန်းများကိုစိတ်ဝင်စားတဲ့အရွယ်မို့
သူတို့အကုန်စမ်းလုပ်ခဲ့ကြတယ် ။ထိုတွင်Aokiတို့အဖွဲ့နှင့်ဆုံခဲ့ကြသည် ။အလောင်းကစား၊ဆေး၊လူကုန်ကူးထိလုပ်တဲ့အဖွဲ့မို့ မာနတို့ကဆေးဘက်ကိုသာစိတ်ဝင်စားခဲ့သည်။ တစ်နေ့မှောင်ခိုတင်သွင်းချိန်အခြားအဖွဲ့ဆီကလုယူခြင်းခံရသည်မှစသည် ။ထိုနေ့ကAokiရဲ့ကောင်မလေးပါလာခဲ့သည် ။ထို့ကြောင့်Aokiကပြသာနာဖြစ်ဖြစ်ချင်းရှောင်သွားသည်။ သူနှင့်မာနလညိးတစ်ခါမှမကြုံဖူးတာမို့ ကားကိုအမြန်မောင်းထွက်သွားပေမယ့်ဘအနောက်မှလိုက်လာတဲ့ကားတွေကြောင့် Aokiတို့ကားကိုချိတ်မိသွားသည်။ သို့သော်လျင်မြန်စွာရှောင်လိုက်တဲ့ aokiနဲ့အနောက်ကကားအချို့တိုက်မိပြီး accidentတစ်ခုဖြစ်သွားသည် ။မာနတို့ဟာလည်းဆယ်ကျော်သက်အရွယ်သာသာရှိသေးသည်မို့ ဘာမှကိုလှည့်မကြည့်ဖြစ်ပဲ
ထွက်သွားခဲ့သည် ။ထိုနေ့မှစဂျပန်ကိုသူတို့နှစ်ဦးခြေမချဖြစ်တော့ပေ။

အဖြစ်အပျက်တွေအားလုံးအပြီး aokiထွက်ပြေးသွားသည်။ သူတို့ဂိုဏ်းလည်းအထိနာသွားပြီး အတော်ကြာတိတ်ဆိတ်သွားခဲ့သည်မို့ မာနရောသူပါထိုအဖြစ်အပျက်ကိုမေ့ထားလိုက်ခြင်းဖြစ်သည်။

Bad Boy Gone Love(COMPLETED)Where stories live. Discover now