Episode13(Uni)

1.1K 80 4
                                    

"ဒီမှာအဆင်ပြေမလား မပြေရင်တိုက်ခန်းကို"

"ပြေတယ် ပြေတယ်"

Ghost ကိုပဲအသင်းသားတွေနဲ့အတူပြန်လာပြီး နားလိုက်ကြတာဖြစ်သည် ။နောက်နေ့တွေလည်းမာနကကလေးတွေနဲ့အတူလေ့ကျင့်ရမှာမို့ ဒီကိုပဲတန်းပြန်လာလိုက်တော့ကာယံသီကပါ ပါလာတော့သည်။

"ဒီနေ့ကိုယ်မင်းနဲ့ကလေးတွေကိုဟင်းချက်ကျွေးမယ်"

"ခရီးကပြန်လာရတာနားတော့လေ သူတို့ကိုစားချင်တာမှာကျွေးလိုက်မယ်"

"ရပါတယ် ကိုယ်ခဏနေဈေးသွားဝယ်လိုက်မယ်"

"အွန်း ကျွန်တော်လိုက်ပို့မယ် ခုနားလိုက်ဦး"

မာနနှင့်Lukeကတစ်ခန်းအတူနေကြပေမယ့် အခုကာယံသီကြောင့်အခြားအခန်းမှာသွားနေသည် ။ကလေးတွေလည်းပြန်ရောက်ပြီမို့မာနကလေးတွေဆီ တစ်ခေါက်ပြန်သွားကြည့်ရမှာမို့ နေရာရှင်းပေးပြီးအခန်းထဲကထွက်ရန်ပြင်လိုက်သည်။

"ဘယ်သွားမို့လဲ"

"ကလေးတွေဆီပါ နောက်ပွဲအတွက်ပြောစရာရှိလိူ့"

"ဒါဆိုကိုယ်ရေချိုးပြီးဈေးသွားဖို့ဆင်းခဲ့မယ်နော်"

မာနအခန်းထဲကထွက်ပြီးတာနှင့် Lukeကိုခေါ်ကာ
ကလေးတွေအားလုံးကိုစုဂေးခိုင်းလိုက်သည်။ တစ်ခန်းနှစ်ယောက်နေကြပေမယ့် အငယ်ဆုံးဘုန်းမြတ်ကတော့နောက်ဆုံးမှ ရောက်လာသူမို့တစ်ယောက်တည်းသာ ။ထို့ကြောင့်Lukeကဒီနေ့ ဘုန်းမြတ်နှင့်တစ်ခန်းတည်းသွားကျသည်။ မာနနောက်ပြိုင်ပွဲဝတ်မယ့်
ထွက်စုတွေကိုဝေပေးလိုက်ပြီး ပြိုင်ပွဲအတွက်မှာစရာရှိတာများမှာလိုက်သည်။

"ဒီနေ့မင်းတို့ဒီမှာပဲညစာစားလိုက်တော့ နောက်တစ်ပွဲကအရမ်းကပ်နေတော့ငါပွဲမလုပ်ပေးတော့ဘူး"

"ပြီးတော့ အဟင်း..မင်းတို့ထဲမှာရည်းစားရှိတဲ့လူဘယ်နှစ်ယောက်ရှိလဲ"

"ဟမ်!"

Luke ဆီမှထွက်လာသောအသံဖြစ်သည် ။ မာနတစ်ကောင်ကလေးတွေကိုဘာတွေထမေးနေတာလဲ ။ကလေးတွေကိုစုပေးမေးစရာရှိလို့ဆိုပြီး မေးတဲ့အရာကဒါတဲ့လား။

Bad Boy Gone Love(COMPLETED)Where stories live. Discover now