Ep-8(Uni)

1.2K 93 7
                                    

သီနှင့်သူသီးသန့်တွေ့ဆုံရန်ကော်ဖီဆိုင်တစ်ဆိုင်ကို
Lucasရောက်နေခြင်းဖြစ်သည် ။ တစ်ညလုံးအတွေးများစွာနှင့်အိပ်မပျော်တဲ့သူ့အဖို့ သီ့ရဲ့ပြောပြချက်များကအားဖြစ်စေမည်လားတော့မသိပေ ။ သူဒီအမျိုးသားကိုဘယ်လောက်တောင်သဘောကျရသလဲ.. ၊
သူနှင့်သီပထမဆုံးစတွေ့သည့်အချိန်တွင်သီက အလုပ်သင်သဘောမျိုးသာရှိသေးသည် ။ ထိုအချိန်ကသူသီ့ကိုမေးခဲ့ဖူးသည် ။

'သီကအလှပြင်တာကိုတကယ်ဝါသနာပါတာလား'

'အွန်း နောက်ခါမင်းလည်းပြင်ချင်ရင်လာခဲ့ပေါ့'

'ကျွန်တော်ကမင်းသားမှမဟုတ်တာ'

'ဒါဆိုမင်းရုပ်ရှင်မင်းသားဖြစ်တဲ့အခါကိုယ်မင်းကိုအလှပြင်ပေးမှာပေါ့'

ထိုအကြောင်းကြောင့်မိုးဝသန်ရှိန်ဆိုသောLucaxဟာအနုပညာလမ်းကြောင်းထဲ ဝင်ရောက်လာခဲ့တာဖြစ်သည် ။ သူကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ သူဟာထိုအမျိုးသားဆီမှာနစ်ဝင်ခဲ့ပြီဖြစ်သည်။ အချစ်မှာအချိန်မရှိသလို ၊ကန့်သတ်ချက်တို့ရှိမနေ။ ထို့ကြောင့်လည်းသီအခြားသူအပေါ်သဘောကျသည်ပြောမည့်အခါ သူလက်ခံနိုင်ဖို့ကြိုးစားပါမည်ဟုတွေးထားပါသေးသည်။

"Sorry! ကိုယ်နောက်ကျသွားတယ်"

Hoodieအဝါရောင်ကိုဒူးပေါ်ဂျင်းအနက်နှင့်တွဲဝတ်လာသောသူ့အရှေ့မှ အမျိုးသားသည်သူ့မျက်လုံးထဲတွင်အပြည့်ဆုံးသောသူဖြစ်သည် ။

"ဟိတ်!ကိုယ့်ကိုပဲငေးနေတော့မှာလား"

"သီကလွတာကို"

"ကိုယ်လှတာကိုယ်သိပါတယ်ကွ စတာပါ မင်းဘယ်ကစသိချင်လဲပြောလေ"

ဘယ်ကစသိချင်လဲလို့မေးတဲ့အခါ ဘယ်အချိန်မှာအခြားသူတစ်ယောက်ကိုချစ်သွားသလဲဟုသူပြန်မေးချင်မိပါသည် ။

"သီ့သေဘာပါ ကျွန်တော်ကနားထောင်ရုံသက်သက်ပဲဟာ"

ကျွန်တော်ကဘာတွေများသီ့ကိုပြောနိုင်မှာလဲ..။
အနားကကျွန်တော့်ကိုမမြင်ပဲအခြားသူတစ်ယောက်ကိုချစ်သွားတဲ့သီရဲ့လုပ်ရက် မှားကြောင်းလား ဒါမှမဟုတိကျွန်တော်တို့ကြားဝင်လာတဲ့သူ့ကိုမကျေနပ်တဲ့အကြောင်းလား...ကျွန်တော်သီ့ကိုဘာများပြောနိုင်ပါဦးမလဲသီ။

Bad Boy Gone Love(COMPLETED)Where stories live. Discover now