Episode-7(Uni)

1.5K 82 4
                                    

"မင်းနဲ့ငါကနှလုံးသားရေးရာမှာအမြဲတိုက်ဆိုင်နေတယ်နော် တစ်မျိုးလေး အဟက်!"

"တိုက်ဆိုင်တယ် ငါတော့မထင်ပါဘူး မင်းကသာငါနဲ့ဆိုင်တဲံ့လူတွေကိုရွေးကြိုက်နေသလားလို့ မထင်ထားတာကကာယံသီလိုယောကျာ်းမျိုးကိုလေ"

"ယောကျာ်းချင်းစေ့စပ်ထားတဲ့မင်းပါးစပ်ကအဲ့လိုစကားမျိုးပြောမယ်လို့မထင်ခဲ့တာတော့အမှန်ပဲ"

သူ့ရဲ့ဆယ်ကျော်သက်ဘဝမှာချစ်ခဲ့ဖူးတဲ့ကောင်မလေးရှိသည် ။ သူထိုကောင်မလေးကိုသဘောကျမှန်းသိတဲ့အချိန်ထိုကောင်မလေးမှာရည်းစားရှိမှန်း သူတကယ်မသိခဲ့ပေ ။ကံဆိုးစွာပင်ထိုကောင်မလေးရည်းစားကသူ့ရဲ့ပြိုင်ဘက်မာနမာန်ရှိန်ဖြစ်နေခဲ့သည် ။ထိုကောင်မလေးမှာပိုင်ရှင်ရှိတယ်ဆိုတာသူသိသည်နှင့်မေ့ပစ်ဖို့ကြိုးစားခဲ့သည် ။သို့သော်ထိုအကြောင်းကိုမာနမာန်ရှိန်ကသိသွားခဲ့ပြီး ပြသာနာတတ်ခဲ့ကြသည်။ နောက်ဆုံးမှာတော့ရန်ဖြစ်မှုနှင့်နှစ်ဖက်မိဘခေါ်လိုက်ရ
ပြီးကောင်မလေးမှာကျောင်းပြောင်းသွားခဲ့သည်။

အခုတော့မတူပါ ၊ သီ့ကိုစတွေ့တည်းကသူသဘောကျခဲ့တာဖြစ်သည် ။ မိနိးကလေးတွေနှင့်သာတွဲခဲ့တဲ့သူကသီ့ကိုတွေ့ပြီးတည်းက ခြေငြိမ်သွားခဲ့တာဖြစ်သည်။ မထင်ထားခဲ့သည်ကမာနမာန်ရှိန်ဟာဆိုင်သူအဖြစ်ပြန်ပေါ်လာခြင်းဖြစ်သည် ။ အဘယ်ကြောင့်သူသဘောကျပါသည်ဆိုသောသူများဟာ မာနမာန်ရှိန်နှင့်ပတ်သတ်သူများဖြစ်နေသနည်း။

မာနမာန်ရှိန်ကိုကြည့်သွားတဲ့သီ့အကြည့်တွေမှာမြတ်နိုးမှုတွေသူမြင်ရပါသည် ။ ဒါပေမယ့်ဒီကောင်ကတော့သီ့အပေါ်ခံစားချက်မပြောနှင့် အထင်သေးသည့်စကားတွေတောင်ဆိုနေသည် ။

"Lucasမင်းပြန်လိုက်ပါလား ကိုယ်တို့နောက်နေ့မှ
တွေ့ကြရအောင်"

"ဟုတ်ပြီသီ ထပ်တွေ့ြုကမယ်"

သူထွက်သွားပေးသင့်တဲ့အခြေအနေဆိုတာသူသိသည်။ သီ့မျက်နှာကိုကြည့်မိသည်နှင့်သီဘယ်လိုခံစားနေရသလဲဆိုတာသူသိပါသည် ။အဲ့လောက်ထိလည်းသူသီ့ကိုချစ်ရပါသည် ။သီကတော့သူ့ကိုမမြင်ခဲ့မိဘူးထင်ပါရဲ့ ။

Bad Boy Gone Love(COMPLETED)Where stories live. Discover now