Episode-20(Z){Final}

588 7 0
                                    


ဆောင်းအဝင်အချိန်မို့ ရာသီဥတုကခါတိုင်းထက်ပိုအေးလျက်ရှိသည် ။ အဲကွန်းကိုပိတ်ပြီးအခန်းပြတင်းပေါက်ကို ဖွင့်လိုက်တော့သဘာဝရဲ့အေးစက်စက်လေတွေက သူ့မျက်နှာကိုရိုက်ခက်လာသည် ။ပြတင်းပေါက်မှဝင်းလာသောအလင်းများသည် ကုတင်ပေါ်သို့တိုက်ရိုက်ကျရောက်လာသောကြောင့် ပြတင်းပေါက်အကာလေးကို ဆွဲချလိုက်သည်။ ဒီနေ့ကနိုဝင်ဘာ၂၉ရက်နေ့ ၊သူ့မွေးနေ့ဖြစ်သည်။

တိတိကျကျပြောရလျှင်သီသူ့နားက ထွက်သွားတာတစ်လကျော်အချိန်ကိုရောက်ရှိနေပြီဖြစ်သည်။

မွေးနေ့မှာပျော်ရွှင်ချင်ပေမယ့် သူ့ရဲ့ပျော်ရွှင်ခြင်းတွေမရှိတော့တာကြာပြီ ။သူလည်းဒီတစ်ခေါက်မွေးနေ့မှာတကယ်ပျော်ရွှင်ချင်ပါသည်။

"သား တစ်ခုခုစားလိုက် အန်တီထမင်းချိုင့်ယူလာတယ်"

"ဟုတ်ကဲ့ အန်တီ"

သီဆေးရုံတတ်နေရတဲ့အချိန်တစ်လျှောက်လုံး
သီ့အမေနှင့်အဖေကသူနဲ့ပိုရင်းနှီးလာသည်။ သီ့အမဆိုသူကလည်းရောက်လာတတ်ပြီး သီ့ငယ်စဉ်ဘဝအကြောင်းတွေပြောပြတတ်သေးသည်။ အခုဆိုဒယ့်ဒီ့ကိုလည်း သီ့အားလက်ထပ်မည့်အကြောင်းပြောခဲ့ပြီးဖြစ်သည်။
အရာရာအဆင်ပြေနေပေမယ့် အဆင်မပြေတာမာနကိုယ်တိုင်ဖြစ်သည်။ သီအခုလိုဖြစ်ရတာဟာသူ့ကြောင့်ဆိုတာ သူအသိဆုံးဖြစ်နေသည်မို့ပင်။

ဖြစ်ခဲ့တဲ့အရာတွေကြောင့်မာနစိတ်အာရုံက
သီ့ဆီရောက်နေပေမယ့် မိုးဥတုနဲ့Lukeရဲ့သတင်းလိုက်ကောင်းမှုကြောင့် ဂျပန်အဖွဲ့အားထိထိရောက်ရောက်အရေးယူနိုင်ခဲ့သည်။
သို့သော်မာနစိတ်မဖြောင့်။ သူ့ရင်ထဲကဒဏ်ရာအားသူမှလွဲအခြားမသိနိုင်ပါ။

"ကျွန်တော်အပြင်ခဏထွက်လိုက်ဦးမယ်အန်တီ"

"သွားလေသား အန်တီရှိပါတယ်"

ဒေါ်သီတာဒီကလေးကိုတဖြည်းဖြည်းတော့ ယုံကြည်လာမိသည် ။သူငယ်ချင်းဖြစ်သူရဲ့သားပေမယ့်တတ်တူးများနှင့် ခပ်ဆိုးဆိုးကောင်လေးကိုသူ့သားလက်တွဲဖော်အဖြစ် မရွေးချယ်ချင်ပေမယ့်ပေးထားတဲ့ကတိအရလက်ခံခဲ့သည် ။မထင်မှတ်စွာပဲသူမသိလိုက်ချိန်မှာ ထိုကလေးနှင့်သူမသားအကြားတွင် ထင်ထားသည်ထက်ပိုကြီးသောသံယောဇဉ်ကြိုးကအမြစ်တွယ်နေခဲ့သည်။

Bad Boy Gone Love(COMPLETED)Where stories live. Discover now