Episode-5(Uni)

1.6K 102 2
                                    


အိပ်ယာနိုးချိန်ဖြစ်ပြီမို့ မျက်လုံးကအချိန်မှန်ပွင့်လာတော့သည် ။ ကိုယ့်အခန်းနှင့်မတူတဲ့အပြင်အဆင်ကိုသတိထားမိမှ မနေ့ကအဖြစ်အပျက်ကိုသတိရတော့သည် ။ မာနမာန်ရှိန်ရဲ့တရားဝင်ကောင်မလေးအဖြစ်အခြားသူတွေသူ့ကိုထင်ကြမည်မှာမလွဲဧကန်။
အခန်းကကိုယ့်အခန်းမဟုတ်သည့်အတွက် သေချာပေါက်တစ်ယောက်သောသူအခန်းပင် ။ပိုင်ရှင်နှင့်တူသည့်အငွေ့အသက်လေးတောင် အခန်းထဲရှိမနေပါ။

သီထိုင်ပြီးအခန်းထဲကိုအကဲခက်လိုက်သည်။ အရင်ကသေချာမကြည့်ဖြစ်ပေမယ့် တစ်ယောက်သောသူအခန်းကဘာဆိုဘာမှမရှိအောင်ကိုရှင်းလင်းနေတာဖြစ်သည် ။ အချိန်ကခုနစ်နာရီထိုးပြီးပြီမို့ ကိုယ့်အခန်းကိုယ်ပြန်ပြီးရေမိုးချိုးလိုက်သည် ။

"နိုးပြီလား ညကပင်ပန်းသွားမှာမို့မနှိုးလိုက်တော့တာ
လမ်းလျှောက်လို့အဆင်ပြေရဲ့လား"

"ဒါတွေမင်းဝယ်လာတာလား"

"အင်း ခင်ဗျားအားရှိဖို့လိုတယ်လေ"

သီအခန်းထဲကထွက်လာချိန် ထမင်းစားပွဲပေါ်မှာဆန်ပြုတ်ပြင်ဆင်ထားသူကြောင့် မေးလိုက်ခြင်းဖြစ်သည်။
ရေချိုးခန်းထဲမှမှန်ကြောင့် ကိုယ့်လည်ပင်းမှအမှတ်အရာများကိုတွေ့ပြီးပြီလည်း ဖြစ်သည်။

"ဆိုတော့ မင်းကကိုယ်နဲ့အတူအိပ်ပြီးပြီပေါ့"

"ခင်ဗျားညကမူးနေလို့မမှတ်မိတာနေမှာပေါ့"

"ဒါဆိုမင်းကိုယ့်ကိုတာဝန်ယူရတော့မှာပေါ့ မင်းကိုယ့်ကိုလက်ထပ်ရတော့မယ် ရှိန်"

"စိတ်မကောင်းဘူးကာယံသီ ကျုပ်ခင်ဗျားနဲ့အိပ်ခဲ့တာ
ကခင်ဗျားကိုဖျက်ဆီးချင်လို့"

ကာယံသီအပြုံးရေးရေးလေးသာ ဖန်တီးမိသည်။ သူ့ရှေ့ကကောင်လေးရဲ့မုသားစကားကို သူပျော်ပျော်ကြီးနားထောင်ပေးမိသည် ။

အလိမ်အညာတွေမှန်းသိလည်းဘာအရေးလဲ၊
ကိုယ့်အတွက်အမှန်တရားက မင်းလောက်မှအရေးမပါတာ ။

"ညကခံစားလို့ကောင်းတယ်မလားကာယံသီ"

"အို!ကိုယ်မှမမှတ်မိပဲ "

Bad Boy Gone Love(COMPLETED)Where stories live. Discover now