Episode-19(Z)

298 5 0
                                    

"ငါ့အထင်မင်းဖြတ်လမ်းကဝင်သင့်တယ်မာန"

"ပွဲကတတိယပိုင်းထိဆိုတော့ ပထမမှာတင်တိုက်စစ်ကစားလို့မကောင်းဘူး နောက်ပွဲအထိနာသွားမယ်"

မာနအတွကိဒီပွဲကအရေးကြီးတာထက်ပိုသည်။ ပွဲကိုနိုင်အောင်ကစားပြီး ဆုကိုသေချာပေါက်ယူသွားရမည် ။ ယခင်ကထက်ပိုမိုစိတ်လှုပ်ရှားနေတဲ့အသင်းသားတွေကိုလည်းသူစိတ်မချပါ ။ သူ့စိတ်တွေလည်းလေးလံနေသည် ။ပြိုင်ပွဲအတွက်ဆိုတာထက်ဟိုမှာကျန်ခဲ့တဲ့တစ်စုံတစ်ယောက်အတွက်ပင်။

"စိတ်လျော့ထား အဲ့ကောင်တွေကိုနိုင်မှရမယ်
မာန"

"အင်း ဟိုတစ်ယောက်ကိုဖုန်းခေါ်လိုက်ဦးမယ်"

ပွဲစတင်ဖို့မိနစ်အနည်းငယ်သာလိုတော့သည်။
ပွဲပြီးသည်နှင့်ဆုပေးပွဲချက်ချင်းရှိမှာဖြစ်ပြီး
မာနတို့တစ်ဖွဲ့လုံးဆုပေးပွဲပြီးသည်နှင့် တန်းပြန်ဖို့စီစဉ်ထားပြီးပြီဖြစ်သည် ။

(ဟယ်လို ရှိန်)

(ဘေဘီ ခဏနေပွဲစတော့မယ်)

(အွန်း အကောင်းဆုံးလုပ်ခဲ့မယ်မလား သီစောင့်ကြည့်နေတယ်နော်)

(ဖက်ထားချင်တယ်)

(ဟော ခဏနေပဲပွဲစတော့မယ် ကိုကိုကဒီမှာလာချွဲနေတယ်ပေါ့)

(အင်း)

(အာဝါး များကြီးချစ်တယ်နော် ဘေဘီ့အတွက်ဆုသေချာပေါက်ယူခဲ့ရမယ်နော်ကိုကို)

(ဟွန့် ဟုတ်ပါပြီ)

(သွားတော့နော် ဖိုက်တင်း)

အခုမှပဲတစ်ခုခုလိုနေတဲ့ခံစားချက်ကပြည့်သွားသလိုလို ၊ ဆယ်ကျော်သက်အရွယ်ရည်းစားထားခဲ့တုန်းက မာနကဂိမ်းနှင့်အပျော်သာဂရုစိုက်ခဲ့တာ ။အခုကြမှပဲဂိမ်းတောင်မပြိုင်ချင်ပဲသူ့နားပဲတစ်ချိန်လုံး နေချင်တာတော့ဆေးစွမ်းပြင်းသည်ဟုပင်ထင်ရသည်။

ပြိုင်ပွဲဝင်စင်မြင့်က အသင်းနှစ်ခုလုံးမျက်နှာချင်းဆိုင်မြင်ရအောင် ဆောက်ထားတာဖြစ်ပြီး အလယ်တွင် စင်မြင့်တစ်ခုရှိသည်။ ထိုစင်မြင့်ကတော့ပွဲလာသူပရိတ်သတ်တွေနှင့်မျက်နှာချင်းဆိုင်တွင်ဖြစ်သည် ။

Bad Boy Gone Love(COMPLETED)Where stories live. Discover now