Episode-4(Uni)

1.6K 100 5
                                    

"ဖွင့်ရက်မို့လူနည်းတော့ကောင်းလိုက်တာ"

တနင်္လာနေ့လိုအလုပ်ဖွင့်ရက်တွေမှာ သူတို့ဆိုင်ရဲ့
ဧည့်သည်တွေထက်ဝက်လျော့တတ်သည် ။ဆိုင်က
အခုတလောနာမည်ကြီးတဲ့အပြင် နာမည်ကြီးတွေလာတတ်ပြီးvideoအမြဲရိုက်ကာ promotionဆင်းတတ်တာမို့ လူသိများနေခြင်းဖြစ်သည် ။

"ဒါနဲ့ရှင့်ယောကျာ်းအကြောင်းပြောပါဦး"

"ဟာ ဘယ်လိုကြီးလဲဗျာ ကိုယ်တို့ကအခုထိရည်းစား
တောင်မဖြစ်သေးဘဲ"

သီရဲ့လူသိမခံသောအချစ်ရေးတိုင်းကို မကတော့သိသည်။ မချယ်ရီဆိုတဲ့အမျိုးသမီးကသူငယ်ချင်းလို၊အစ်မတစ်ယောက်လို ၊အမေတစ်ယောက်လိုသူ့အတွက်နွေးထွေးပြီး လိုအပ်တိုင်းရှိနေသူပေးတတ်သူမို့သူလည်းရင်ဖွင့်မိခြင်းဖြစ်သည်။

"ရည်းစားမဖြစ်သေးလည်းရှင်တို့ကလက်ထပ်ရမှာပဲကို"

"မဟုတ္ဘူးမ ဒါတွေကအယောင်ဆောင်သာသာပဲ"

ဦးလွန်းမာန်လိုမာန်အိမ်တော်ရဲ့သခင်ကြီးက တစ်ဦးတည်းသောသားဖြစ်တဲ့ မာနမာန်ရှိန်ကိုယောကျာ်းပေးစားမည့်လူမှမဟုတ်ပဲ ၊ အဲ့လိုဖြစ်ခဲ့ရင်မာန်မျိုးဆက်ကလုံးဝကိုပြတ်တောက်သွားတော့မည် ဖြစ်သည်။
ဦးလွန်းမာန်ရဲ့တောင်းဆိုချက်ကို ဖေဖေတို့လည်းမငြင်းနိုင်တာကြောင့် လက်ခံခဲ့ပေမယ့် 'သူတော့မဖြစ်ဘူး' ဆိုတဲ့ဖေဖေ့စကားကို သူမျက်ကွယ်ပြုထားမိသည်။ ဖေဖေကဦးလွန်းမာန်ကိုမယုံကြည်သေးပေ။

သူလည်းမယုံကြည်ရဲပေ ၊မာနမာန်ရှိန်လိုလူအတွက်
ထက်မြက်လှပတဲ့မိန်းမတွေမှမရှားပဲ ။ သူကတော့မာနမာန်ရှိန်ကိုချစ်မိသွားပြီမို့ ရှေ့ဆက်သွားဖို့ပဲရှိတော့သည်။ မချယ်ရီရဲ့စကားကြောင့်သူ့အတွေးတို့ရပ်သွားပြန်သည်။

"ရှင့်လူကe-sportမှာနာမည်ရှိတော့ မိန်းကလေးတွေကြားထဲနာမည်ကြီးတယ်လေသီ ပြီးတော့ဟိုကအဖြောင့်မလား"

"အဲ့တာခက္တာမေရ အဖြောင့်ကိုကြိုက်မိနေတာကိုကခက်တာ"

ဆိုဖာပေါ်ခပ်လျောလျောမှီထိုင်ရင်းစိတ်ပျက်လက်ပျက်
ဖြင့်ပြောနေသော သီကအချစ်နှင့်အခုမှထိတွေ့ဖူးသည့်ဆယ်ကျော်သက်လေးတစ်ယောက်လို ။

Bad Boy Gone Love(COMPLETED)Where stories live. Discover now