"ဒါ ငါဝယ်ထားတဲ့ အိမ်ပဲ...မင်းတို့ အေးဆေးနေလို့ရတယ် သိလား"
"ကျေးဇူးတင်ပါတယ်ကွာ"
"ငါက ဒီအတောအတွင်း ငါ့ကောင်လေးအိမ်မှာပဲ နေဖြစ်မှာဆိုတော့...လွတ်လွတ်လပ်လပ်နေကြ"
"ကူညီပေးလို့ ကျေးဇူးတင်ပါတယ်ဗျ"
သူပါ ကျေးဇူးတင်စကား ဝင်ပြောတော့ မောင့်မိတ်ဆွေ သောမတ်စ်က ရပါတယ်ဟုဆိုကာ ပြုံးပြုံး ပြုံးပြုံး နှင့် ကားပြန်မောင်းထွက်သွား၏။
နောက်ကနေ ခြံတံခါး လိုက်ပိတ်ပြီးမှ မောင်က သူ့လက်ကို ဆွဲကာ တစ်ထပ်တိုက်အိမ်လေးထဲသို့ ခေါ်ဝင်သည်။
"သျှန် အဝတ်အစား လဲလိုက်နော်"
"ကျွန်တော် အဝတ်ထုပ်မှ မပါတာ"
"မောင် ကြိုဝယ်ထားပါတယ်ဗျား"
"ဟင်...ဒါဆို မောင်က အပိုင်တွက်ပြီး ကျွန်တော့်ကို လာခိုးတာပေါ့"
မောင်က ရယ်လျက် အဝတ်အိတ်ထဲမှ မီးခိုးရောင် ညအိပ်ဝတ်လေး တစ်စုံ ထုတ်ပေးလာပါသည်။
"အခန်းထဲ ဝင်လဲ"
"အွန်း"
မောင် တံခါးဖွင့်ပေးသည့် အခန်းထဲ ဝင်ပြီး သော်လင်းသျှန် ကိုယ်ပေါ်က ရှပ်အင်္ကျီနဲ့ပုဆိုးကို လဲဝတ်လိုက်၏။
သူ ပြန်ထွက်သွားတော့ မောင်က အခန်းနံရံကို ပခုံးတစ်ဖက် ကပ်မှီလျက် ရပ်စောင့်နေရာမှ သူ့ခါးကို လှမ်းဆွဲလိုက်တာ စွေ့ကနဲ။
"မောင်"
သူ့ခေါ်သံပင် မဆုံးသေး မောင့်နှုတ်ခမ်းအစုံက သူ့ပါးပြင်တွေထဲ နစ်ဝင်လို့ လာသည်။
"မောင်!"
နှုတ်ခမ်းချင်း အပ်ဖို့ ကြံရွယ်လာပြန်သော မောင့်ရင်ခွင်ထဲမှ သူ ရှောင်ဖယ်လိုက်တော့ မောင်က သူ့ ခါးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည့် လက်များအား သာသာလေး ဖြေလျှော့ပေးပါ၏။
သော်လင်းသျှန် မောင့်ကိုကျောခိုင်းခဲ့ကာ ဧည့်ခန်းထဲရှိ ဆိုဖာထောင့်တွင် ကပ်ထိုင်လိုက်သည်။
ခဏနေ မောင် သူ့နံဘေး ရောက်လာသည့်အခါ သော်လင်းသျှန် တမင် မျက်နှာ လွှဲပစ်တော့