အပိုင်း [ ၇ ]

14.3K 1.3K 6
                                    

"မောင်"

သော်လင်းသျှန် အိပ်ရာနိုးလာချိန်တွင် မောင်က နံဘေးမှာ မရှိ။

မနက်လင်းနေပြီမို့ သူ ခုတင်ပေါ်မှဆင်းပြီး အိပ်ရာကို သပ်သပ်ရပ်ရပ် ပြန်သိမ်းလိုက်သည်။ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်သွားတော့ မောင်က သူ့အတွက် သွားတိုက်တံအသစ်နဲ့မျက်နှာသုတ်ပုဝါအသစ် ပြင်ထားပေး၏။

သော်လင်းသျှန် ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ခန်းထဲမှ ထွက်ခဲ့ကာ မောင့်ကို ရှာရသည်။ ဧည့်ခန်းနှင့်မီးဖိုခန်းထဲမှာ မတွေ့သဖြင့် အိမ်ရှေ့ထွက်ကြည့်လိုက်တော့ မောင်က ခြံတံခါးကို ဖွင့်ဝင်လာတာနဲ့ ဆုံ၏။

"သျှန် နိုးနေပြီပဲ"

"မောင် ဘယ်သွားတာလဲ"

"လမ်းထိပ်က အကြော်ဆိုင်မှာ ကောက်ညှင်းပေါင်းနဲ့အကြော်သွားဝယ်တာဗျား"

"ကျွန်တော့်ကိုတော့ မခေါ်ဘူး"

"သျှန် အိပ်ရေးပျက်မှာ စိုးလို့"

မောင်က ပြုံးလျက် သူ့ပခုံးကို လှမ်းဖက်သည်။ သော်လင်းသျှန် မောင့်ခါးကို
ပြန်ဖက်လိုက်ပြီး အိမ်ထဲသို့ အတူ ပြန်ဝင်ခဲ့ကြ၏။ မီးဖိုခန်းထဲရောက်တော့ မောင်က မနက်စာ ပြင်ပေးပါသည်။ မောင်ဝယ်လာတဲ့ ကောက်ညှင်းပေါင်းနဲ့ တို့ဟူးကြော်ဟာ ငှက်ပျောဖက်ထဲမှာ ပူပူနွေးနွေး။ မောင် ဘယ်အချိန်ကတည်းက ထတည်ထားမှန်း မသိသော ရေနွေးကြမ်းကလည်း လက်ဖက်ခြောက်နံ့လေး သင်းလို့နေ၏။

"စားလို့ကောင်းလား"

"အွန်း"

"မောင်တို့ မနက်စာ စားပြီးရင် စျေးသွားရအောင်"

"ကျွန်တော် ချက်ကျွေးမယ်"

အဆောင်ကျောင်းသားဘဝနဲ့လေးနှစ်လောက် နေခဲ့ရသဖြင့် သော်လင်းသျှန် တတ်သလောက် မှတ်သလောက်တော့ ချက်ပြုတ်တတ်ပါ၏။ မနက်စာ စားပြီးနောက် အပြင်သွားဖို့ သူ အဝတ်အစား လဲရသည်။ သူ့အတွက် မောင်ဝယ်ပေးထားတဲ့ အဝတ်တွေထဲမှ သက်သောင့်သက်သာ ရှိစေမည့် ချည်ဘောင်းဘီရှည်နှင့်တီရှပ်ပေါ်မှာ ရင်ခွဲဆွယ်တာလေး ထပ်ဝတ်လိုက်၏။
မောင်ကတော့ ရှပ်အင်္ကျီလက်ရှည်နဲ့ပုဆိုးပဲ ဝတ်လာပါသည်။

"မောင်"Where stories live. Discover now