အပိုင်း [ ၉ ]

14.1K 1.3K 15
                                    

"ဒီနေ့ အောင်စာရင်း ထွက်တယ်တဲ့ မောင်"

"မောင်နဲ့အတူ သွားကြည့်မယ်လေ"

မောင်နဲ့သူ သောမတ်စ်ရဲ့အိမ်မှာပဲ နေကြတာ ခုဆို နှစ်ပါတ်ကျော်ပြီ။ ဒီနေ့တော့ မောင့် ရုံးပိတ်ရက်နဲ့ တိုက်သဖြင့် သူ့အောင်စာရင်း ကြည့်ရင်း အပြင်ထွက်လည်ဖို့ စဥ္းစားထားသည်။

"စိတ်လှုပ်ရှားနေတာလား"

"အင်း ဒါပေမဲ့ စတား ပါမယ်လို့ ယုံကြည်နေတယ်"

ရှေ့ကနေ ဆိုင်ကယ်မောင်းနေသော မောင့်ပခုံးနှစ်ဖက်အား သော်လင်းသျှန် ဆုပ်ကိုင်ထားမိ၏။ သူ ကျောင်းဆက်တက်ဖြစ်ရင် မောင်က နိုင်ငံခြား မသွားဘဲ ဒီမှာပဲ အခြေချမည်ဟု ​သူတို့နှစ်ယောက် တိုင်ပင်ထားကြသည်။

"လင်းသျှန်...နင် စတား ပါတယ်ဟဲ့"

"တကယ်လား"

ကျောင်းဝန်းထဲ ဝင်ဝင်ချင်းမှာပဲ မေဂျာတူ သူငယ်ချင်းက လှမ်းပြောတော့ သော်လင်းသျှန် ခြေလှမ်းတွေ သွက်သွားသည်။ တက္ကသိုလ်မိန်းဆောင်ရှေ့ရှိ ​Board တွင် ကပ်ထားသော အောင်စာရင်းကို ကိုယ်ကိုယ်တိုင် လူတွေကြား တိုးဝှေ့ ကြည့်လိုက်ပါမှ သူ ပြုံးနိုင်တော့တာ ဖြစ်သည်။

"မောင် ဒီမှာ လာကြည့်"

သော်လင်းသျှန် မောင့် လက်မောင်းတစ်ဖက်ကို ဆွဲကာ အောင်စာရင်း စာရွက်ပေါ်က သူ့နာမည်လေးကို ထောက်ပြလိုက်တော့ မောင်ကလည်း ရွှင်ပျစွာ ပြုံးပါ၏။ စာကြိုးစားမှုရဲ့ ရလဒ်အဖြစ် သူ Qualified ဆက်တက်ပြီး နောက်ဘွဲ့တစ်ခု ထပ်ယူခွင့် ရတော့မည်။

"မောင် Company နဲ့ ဆွေးနွေးမဲ့ကိစ္စ အဆင်ချောဖို့ပဲ ကျန်တယ်"

အိမ်ပြန်ရောက်တော့ သော်လင်းသျှန် ကိုကြီးဆီကို ဖုန်းဆက် အသိပေးလိုက်သည်။ ကိုကြီးက ဝမ်းသာအားရစွာဖြင့် ဂုဏ်ယူကြောင်း ပြောပြီး အမေတို့ကိုလည်း ပြန်​​​​ပြောပြလိုက်မယ်ဟု ဆို၏။ မိဘများက သူ့အား ပညာစုံအောင် သင်ပေးခဲ့တာမို့ သော်လင်းသျှန် ဒီသတင်းကို ကိုယ်တိုင် ပြောချင်ပေမဲ့ အဖက ခုချိန်ထိ သူ့ကို အတွေ့မခံသေးပေ။

"မောင့် မေမေတို့ တန်ဆောင်တိုင် လာလည်ကြမလို့တဲ့"

"ဒါဆို ကျွန်တော်တို့ ထမင်းဟင်း ကောင်းကောင်း ချက်ကြရအောင်လေ"

"မောင်"Where stories live. Discover now