Chapter 84 Can you... help me...

917 104 1
                                    

ကျီခယ်း မျက်လုံးဖွင့်ကြည့်လိုက်တော့ နှင်းဖြူ‌ ရောင်မျက်နှာကျက်ကို တွေ့လိုက်ရတယ်။

    ယွင်ကျင် သည် သူ့ဘေးတွင်ထိုင်ကာ စိတ်အားထက်သန်စွာဖြင့် ဂိမ်းဆော့နေသည်။

    "ယွင်ကျင်..." ကျီခယ်း က ညင်သာစွာ ခေါ်လိုက်သည်။

    "ကျီကျီ!" ယွင်ကျင် သည် ကျီခယ်း နိုးလာသည်ကိုတွေ့တော့ ဖုန်းကိုချပြီး "မင်းဘယ်လိုနေလဲ ဗိုက် အဆင်ပြေလား" ကျီခယ်း က ခေါင်းခါလိုက်ပြီး "ငါ အိပ်နေတာ ဘယ်လောက်ကြာပြီလဲ?"

"မင်း တနေကုန်နီပါး အိပ်ပျော်နေတာ" ယွင်ကျင် ကပြောသည် ။

    "အိပ်နေတာကြာပြီလား?" ကျီခယ်း က ထချင်နေသောလည်း ဝမ်းဗိုက်က နာကျင်မှုကြောင့် ခေတ္တရပ်သွားသည် ။

    ယွင်ကျင် က သူ့ကို ဖိထားပြီး "ကောင်းကောင်းအိပ်ပါ"

    "ငါဘာဖြစ်တာလဲ?"

   "မင်း အစာအိမ်နည်းနည်းဖောက်နေတယ် ကျီကျီ ၊ မင်း နောက်နောင် လုံးဝ မသောက်ရတော့ဘူး၊ အဆိုးကြီးဖြစ်သွားတာ မဟုတ်လို့ တော်သေးတယ်!"

   ယွင်ကျင် သည် ကျီခယ်း ဆေးရုံတွင် သတိမေ့မြောစွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရသောအခါတွင် စိုးရိမ်စိတ်ဖြင့် သေဆုံးသွားတော့လုမတတ် ခံစားခဲ့ရသည်။

    ကျီခယ်း က အစာအိမ်ပြဿနာမရှိတာကြာပြီ၊ ဒီအချိန်က အဆင်မပြေဆုံးပါ။ အစာအိမ်ဖောက်ဖို့ မမျှော်လင့်ထားဘူး။

    ဟုတ်ပါတယ် သူသောက်ဖို့ မသင့်တော်ပါဘူး။

    ယွင်ကျင် ၏ မျက်ခုံးများ တွဲကျနေတာကို မြင်လိုက်ရတော့ ကျီခယ်း က မဘဲနိုင်ဘဲ ပြုံးလိုက်သည်။ "နော်ဆို မသောက်တော့ပါဘူး"

    အနီးနားတွင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

    ယင်းအသံကြောင့် သူတို့နှစ်ဦးပဲ ဤလူနာဆောင်တွင် ရှိနေခြင်းမဟုတ်ကြောင်း ကျီခယ်း အမှတ်ရသွားသည်။

လူနာဆောင်က အတော်လေးကျယ်ပြီး ကုတင်နှစ်လုံးပါပြီး ကန့်လန့်ကာလိုက်ကာကြီးနဲ့ ခြားထားကာ အခန်းတစ်ခုလုံးကို နှစ်ခြမ်းခွဲထားသည်။ အခြားကုတင်ဆီမှ အသံထွက်လာသည်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now