Chapter 93 Fire

772 84 0
                                    

မကြာမီ အစီအစဉ်အဖွဲ့မှ လျိုင်ဟွိုင်၊ ယွင်းကျင်း၊ ကျီဖန် နှင့် ဇုန်ရှောင်(ဂုံရှောင်?) တို့သည် အလုပ်သွားလုပ်ရမည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

    အစားအသောက်ပြင်ဆင်ပေးရမဲ့သူ‌တွေကတော့ ဖူ့ရှိဝမ်၊ ကျီခယ၊ ဝမ်ရီကျာ၊ လုယု...

    ဖူ့ရှိဝမ် သည် ၎င်းတို့၏အဖွဲ့တွင် တာဝန်ပေးအပ်ခံရကြောင်း ကျီခယ်း သိလိုက်ရသည့်အခါ သူ့မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်များ ရှိနေသည် ။

    ဖူ့ရှိဝမ် က ထမင်းမချက်နိုင်တာကို သတိရပြီး ဖူ့ရှိဝမ် က တစ်ခါက မီးဖိုချောင်ထဲကို တစ်ကြိမ်ဝင်သွားတာကို မှတ်မိနေသေးသည်။ နောက်ဆုံးရလဒ်ကတော့ order မှာစားလိုက်ရပြီး သူလုပ်ထားတဲ့ အနက်ရောင်အစားအစာကြီးကို အမှိုက်ပုံးထဲ ပစ်ခဲ့ရတာကို မှတ်မိနေပါသေးတယ်။

    ကျီခယ်း က သူ့ကိုကြည့်နေတာကို ဖူ့ရှိဝမ် သတိထားမိပြီး နှုတ်ခမ်းထောင့်တွေကို မြှောက်ပြီး ပြုံးပြလိုက်တယ်။

    ကျီခယ်း သည် ခဏမျှ တုန်လှုပ်သွားပြီး အကြည့် ယုတ်သိမ်း ကာ ယွင်းကျင်း ကို လှည့်ကြည့်လိုက်သည်။

    ကင်မရာရှေ့မှာ လျိုင်ဟွိုင် က ယွင်းကျင်း ကို ဘာမှလုပ်မှာ မဟုတ်ဘူး။

    ဖူ့ရှိဝမ် သည် ကျီခယ်း ၏ မြင်ကွင်းနောက်ကို လိုက်ကာ သူ့မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။

    ...
"Ta-da၊ ဇနီးသည်ရဲ့ မီးဖိုချောင်က ကြိုဆိုပါတယ်" ဟိ

    လက်ထောက်ဒါရိုက်တာက ကျီခယ်း နှင့် အခြားသူများကို ပရိုဂရမ်အဖွဲ့မှ ကြိုတင်ပြင်ဆင်ထားသည့် ရှုတင် မီးဖိုချောင်နေရာသို့ ခေါ်ဆောင်သွားသည်။

    "လူတိုင်းအတွက် နောက်တစ်ခု တာဝန်က ဈေးဝယ်ထွက်ပြီး ချစ်ရတဲ့ သူ(*ခင်ပွန်း*အလုပ်ထွက်လုပ်တဲ့သူ)တွေအတွက် နေ့လယ်စာ ပြင်ဆင်ဖို့ပါပဲ"

    လုယု က ကျီခယ်း ဆီကို လှမ်းလာပြီး "ကျီခယ်း နင်ဘာဝယ်မှာလဲ"

    ယွင်းကျင်း က အသားစားရတာ ကြိုက်မှန်း ကျီခယ်း က သိတယ်၊ "ငါ အိမ်ချက်တဲ့ ဟင်းလျာတွေ ချက်မယ် ၊ ဈေးအရင် သွားရအောင် "

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now