Chapter 105 The Temptation of Going Home

208 11 0
                                    

ကျီခယ်း က ယွင်းကျင်း ရဲ့ ပုခုံးကို ပုတ်ပြီး "ဘေဘီ၊ နင့်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို စမ်းသပ်ဖို့ အချိန်ရောက်ပြီ"

   ယွင်းကျင်း က  ခေါင်းကုတ်ရင်း "ကျီကျီ၊ ငါနည်းနည်းကြောက်နေပြီ၊ ခုနက ဖူ့ရှိဝမ် ရဲ့အကြည့်ကတင် ငါ့ကိုစားပြီးလုနီးပါးဖြစ်နေပြီ"

    ကျီခယ်း : "နင့်ရဲ ဖြစ်တည်မှုက ငါ့ချစ်သူ၊ သူ မှ မဟုတ်တာ၊ သူ့ကို လွှတ်ထားလိုက်ပါ"

ယွင်းကျင်း ခဏလောက်တွေးလိုက်တယ်၊ မှန်တယ်။

    ထင်ရှားသည်မှာ သူသည် ကျီခယ်း ၏ ချစ်သူဖြစ်သည်၊ ဖူ့ရှိဝမ် ၏ မျက်လုံးများက သူ့ကို တတိယပုဂ္ဂိုလ်လို ခံစားရစေတယ်။

    "ကျီကျီ ငါနားလည်ပြီ"

ယွင်းကျင်း က အားတက်သရော ခေါင်းညိတ်ပြပြီး သူက အခု တကယ့်ချစ်သူဖြစ်ပြီး ဖူရှီဝမ်က အပျော်တွဲဖော်ပါ။

   ယွင်းကျင်း ၏ လေးနက်သောအမူအရာကိုမြင်လိုက်ရတော့ ကျီခယ်း က "နင် ဘာသဘော ပေါက်သွားတာလဲ။"

    ယွင်းကျင်း က ပြုံးပြီးပြောတယ် "ကျွန်တော်က "ပင်းရု"၊ ဖူ့ရှိဝမ် က "အိုင်းလိ" ၊ "အိမ်ပြန်ရန် သွေးဆောင်မှု" ပြဇာတ်ကို သရုပ်ဖော်နေပါတယ်။" ဖူ့အိုင်းလိ ဝင်လာသည်။

    သူ့(ပင်းရု)ရည်းစားကို သူ့(ပင်းရု)အဝတ်အစားတွေဝတ်ထားပြီး သွေးဆောင်ဖြားယောင်တဲ့  အခန်း

    ကျီခယ်း:...

ဒီလိုပြောရတာ ဘာမှမမှားဘူးလို့ ထင်ရပေမယ့် ထူးဆန်းတယ်လို့ပဲ ထင်မြင်မိပါတယ်။

    "သွားရအောင်။"

    အပြင်ထွက်လာတဲ့အခါ ဖူ့ရှိဝမ် က ဆိုဖာပေါ်မှာ ထိုင်ပြီး ခွက်ထဲက ရေကို ငြိမ်သက်၍တင့်တယ်စွာ  သောက်နေတယ်။

ယွင်းကျင်း သည် မူလက စိတ်အားထက်သန်နေသော်လည်း ဖူ့ရှိဝမ် ၏ အေးစက်သောအကြည့်ကို သူမြင်သောအခါ အနည်းငယ် အားပျက်သွားသည်။

    ဒီကောင်လေး ကျီခယ်း ကိုကြည့်တဲ့ပုံစံက သူ့ကိုကြည့်တဲ့မျက်လုံးတွေနဲ့ လုံးဝကို ကွဲပြားနေတာကို သူတွေ့လိုက်ရတယ်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Donde viven las historias. Descúbrelo ahora