Chapter 116 Reconciliation

469 41 0
                                    

ကျီခယ်း သည် 'ကန်'အိပ်ယာ ပေါ်တွင် ပထမဆုံးအကြိမ် အိပ်ခဲ့သည်။

'ကန်'ကို အုတ်ဖြင့်ပြုလုပ်ထားပြီး အတွင်းတွင် လေဝင်လေထွက်ပြုလုပ်ရန် မှန်ပုံစံပြတင်းလေးများရှိသည်။ ယွင်းကျင်း မိသားစုမှ 'ကန်' သည် အိပ်ရခက်သည်ဟု မခံစားရပေ။ အိပ်ရတာ အရမ်းအဆင်ပြေတယ်။

'ကန်' အိပ်က အိပ်ယာမဝင်ခင် မီးသေးသေးလေး လောင်ကျွမ်းပြီး တကယ်အိပ်တဲ့အခါ လုံးဝ မအေးဘဉ ကုတင်တစ်ခုလုံးလည်း နွေးနေတယ်။

ထိုအချိန်တွင် ကျီခယ်း သည် ဖူ့ရှိဝမ်  ၏ ပွေ့ဖက်ခြင်းကို ခံရပြီး နွေးထွေးသော မီးဖိုထဲတွင် ရှိနေသကဲ့သို့ ခံစားရပြီး အေးစက်နေသော လက်နှင့် ခြေဖဝါးများ နွေးထွေးသွားသည် ။

ခဏကြာတော့ ဖူ့ရှိဝမ်  က “အားယွီ အိပ်ပျော်နေပြီလား” လို့ တိုးတိုးလေးမေးတယ်။

ကျီခယ်း : "ဘာဖြစ်တာလဲ?" ကျီခယ်း အိပ်မပျော်သေး ဘူး။

ဖူ့ရှိဝမ် : "ကိုယ်နဲ့ပြန်လိုက်ပါ, ဟင်?"

ဖူ့ရှိဝမ်  က တကယ်ကို စိတ်ရှည်တယ်။ကျီခယ်း က မျက်လုံးမိတ်ပြီး မနေ့ညက ဖူ့ရှိဝမ်  သူ့ကို စိုက်ကြည့်တဲ့ပုံစံကို တွေးနေခဲ့ပါတယ်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျီခယ်း က "ကောင်းပြီ" ဟု ပြန်ဖြေသည်။

သူပြောပြီးသည်နှင့် ကျီခယ်း သည် သူ့ခါးတစ်ဝိုက်ရှိ လက်များကို အနည်းငယ်တင်းကျပ်သွားသလို ခံစားလိုက်ရသည်။

"အိပ်တော့၊ နေ့ခင်းဘက် လေယာဉ်လက်မှတ်ဝယ်လိုက်မယ်။"

"ရေး!" ဖူ့ရှိဝမ်  က ကျီခယ်း ကို အနောက်ကနေ ပိုတင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ကျီခယ်း ရဲ့ လည်ပင်းထိပ်မှာ သူ့ဆံနွယ်တွေနှင့်ထိတွေ့ကာ ကျီခယ်း ရဲ့ မွှေးပျံ့တဲ့အနံ့ကို ရှူလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ "အိပ်ပါ!"

"ငါတို့နိုးရင်ပြန်ကြမယ်"

ကျီခယ်း ကို ဖူ့ရှိဝမ်  က တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခဲ့ပြီး ဖူ့ရှိဝမ်  နဲ့ တင်းတင်းကြပ်ကြပ် ဖိထားတဲ့ သူ့ကျောကို သူခံစားလိုက်ရပြီး သူတို့ကြားက အကွာအဝေး မရှိပါဘူး။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Where stories live. Discover now