Chapter 82 I'm not cute at all zawgyi ver

491 23 0
                                    

ကျီခယ်း  အပြင်ထွက်သွားတာ ကြှာပြီ၊ ချန်းယု က သူ့ကို WeChat မှာ မက်ဆေ့ ပို့ခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ဘူး။ လျှို့ဝှက်ဖုန်းဆက်တာတွေ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

    ချန်းယု သည် ကျီခယ်း အတွက် အနည်းငယ် စိတ်ပူသွားသည်။ ကျီခယ်ူ က အရက်ဘယ်လောက်သောက်နိုင်လဲဆိုတာ သူသိပြီး နည်းနည်းသောက်ပြီးရင်ကို သူမူးသွားလိမ့်မယ်။

    သို့သော်လည်း mr.ဝမ်က သူ့ကို ဆွဲခေါ်သွားပြီး သူနဲ့ အတူ သောက်ခိုင်း​နေတယ်။

    mr.ဝမ် နှင့် အနည်းငယ်သောက်ပြီးနောက်၊ ချန်းယု သည် နောက်ဆုံးတွင် မနေနိုင်ဘဲ ကျီခယ်း ကိုရှာရန် အကြောင်းပြချက်တစ်ခုရှာခဲ့သည်။

    သို့သော် ချန်းယု သည် ကျီခယ်း ကို ရှာတွေ့မတွေ့ဘဲ အနည်းငယ်မူးနေသော ဒါရိုက်တာလီနှင့် တွေ့ဆုံခဲ့သည်။

    ဒါရိုက်တာလီ က သူ့ရင်ခွင်ထဲမှာ ချောမောလှပတဲ့ကောင်လေးတစ်ယောက်နဲ့ တခြားအခန်းတစ်ခုထဲကနေ ထွက်လာပြီး သူတို့နှစ်ယောက်က စင်္ကြံ(hallway)မှာ နမ်းလိုက်တယ်။

    ဒါရိုက်တာလီ ဟာ အိမ်ထောင်ကျပြီး ကလေးမွေးတာ ကြာပြီဖြစ်ပြီး သူ့သမီး အငယ်ဆုံးက အထက်တန်းကျောင်းတက်နေပါတယ်။ ပြင်ပလောကတွင် သူသည် ခင်ပွန်းကောင်းနှင့် ဖခင်ကောင်းတစ်ဦး၏ ပုံသဏ္ဍာန်ဖြစ်သည်။

    ချန်းယု သာ မှန်ကန်စွာ မှတ်မိပါက၊ သူ့ရင်ခွင်ထဲတွင်ရှိသော ကောင်လေးသည် Starlight Entertainment မှ ပွဲဦးထွက်ခါစ လူသစ်ဖြစ်သည်။

    မနီးမဝေးမှာ ဆန်းပန် က စီးကရက်တစ်လိပ်သောက်နေတယ်။ ချန်းယု ကိုမြင်သောအခါ၊ "Yo၊ ပွဲစားကြီး ချန်း၊ မတွေ့တာကြာပြီ"

    ချန်းယု သည် မျက်မှောင်ကြုတ်ပြီး ဆန်းပန် ကို စိုက်ကြည့်နေသည်။

ဆန်းပန် သည် သူဌေး၏ ညစာစားပွဲသို့ တက်သစ်စလူငယ်များ​ကို မကြာခဏ ခေါ်သွားလေ့ရှိသည်ဟု ကြားဖူးသော်လည်း ဤမျှ ပြောင်ပြောင်တင်းတင်း ဖြစ်မည်ဟု မမျှော်လင့်ထားပေ။

    ချန်းယု သည် ဆန်းပန် ကို လျစ်လျူရှုပြီး လှည့်ထွက်သွားသည်။

အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်Donde viven las historias. Descúbrelo ahora