ကျီခယ်း က ဖူ့ရှိဝမ် ကိုကြည့်ပြီး "ဒါဆို ခင်ဗျားကိုတောင်းပန်ပါတယ် ကျွန်တော်ပြောပါရစေ"
ဖူ့ရှိဝမ် က ကျီခယ်း ကို ဝမ်းနည်းစွာ စိုက်ကြည့်ရင်း "အားယွီ၊ ကိုယ် မင်း ရဲ့ ဆော်ရီး ကိုမလိုချင်ဘူးဆိုတာ မင်းသိပါတယ်"
ကျီခယ်း က သူ့နှုတ်ခမ်းကို စေ့ထားပြီး ဘာမှပြန်မပြောတော့ပေ။ ဖူ့ရှိဝမ် လိုချင်တာကို သူ မပေးနိုင်ဘူး။
ရိုးရိုးသားသားပြောရလျှင် ဖူရှီဝမ်သည် သူ့အိမ်ဘေးအိမ်သို့ ရုတ်တရက် တိတ်တိတ်ဆိတ်ဆိတ် ပြောင်းရွှေ့လာတာကြောင့် ကျီခယ်း သည် အနည်းငယ် ဘာလုပ်ရကိုင်ရမှန်း မသိဖြစ်သွားသည်။
ဖူ့ရှိဝမ် က မသိမသာလေး သက်ပြင်းချလိုက်ပြီး "အားယွီ၊ နေ့လည်က ဝက်နံရိုး ကကော ဘယ်လိုလဲ။ ကိုယ် ကိုယ်တိုင် လုပ်ထားတာ"
ဖူ့ရှိဝမ် ၏မျက်ဝန်းတစ်စုံသည် လှပပြီး ဒဏ္ဍာရီလာဖီးနစ်ငှက်လိုမျိုး မျက်လုံထောင့်သည် ကွေးကွေးလေးနှင့် အထက်သို့ပင့်ထားသကဲ့သို့ ရှိသည်။ ထိုမျက်လုံးများသည် မျှော်လင့်ချက်အပြည့်ဖြင့် ကျီခယ်းကို အနီးကပ် စိုက်ကြည့်နေသည်။
ကျီခယ်း သူ့ဟင်းလျာကို ကောင်းကောင်း အကဲဖြတ်ဖို့ မျှော်လင့်နေပုံရတယ်။
ကျီခယ်း က ဖူ့ရှိဝမ် ကို အကြည့်လွှဲလိုက်ပြီး "တော်တော်ကောင်းပါတယ်"
ဖူ့ရှိဝမ် က ကျေနပ်စွာ ပြုံးလိုက်ပြီး "အားယွီ၊ မင်းကြိုက်လား? ကိုယ် မင်းအတွင် မကြာမကြာ ချက်ပေးမယ် လေ"
ကျီခယ်း က ဖူ့ရှိဝမ် အခုမှ သူ့ကို သမီးရည်းစားထားဖူး သလိုမျိုး လိုက်နေတာ ကို အသားမကျပဲ မျက်မှောင်ကြုတ်ပြီး " ဖူ့ရှိဝမ် ၊ ငါ့မှာ မိသားစုရှိတယ်၊ ခင်ဗျား ကျွန်တော့်ကို ဒုက္ခအများကြီး ပေးလိမ့်မယ် " ဟုပြောလိုက်တယ်။
ဖူ့ရှိဝမ် သည် ကျီခယ်း ကိုကြည့်ကာ ကျီခယ်း လိင်ဆက်ဆံရန် အစပြုခဲ့သည့်အချိန်ကို သူ မမေ့နိုင်ပဲ စဉ်းစားမိတယ်။
ဖူ့ရှိဝမ် သည် သူ့(ကျီခယ်း)ပျော်ရွှင်မှုကို အနှောက်အယှက်မဖြစ်စေဘဲ လင်းယွီကို အဝေးကနေကြည့်ဖို့ စိတ်ပိုင်းဖြတ်ပြီးသား။
YOU ARE READING
အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်
General FictionI do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင်းပွဲ စားပွဲပြည့် ချက်ထားပြီးသော်လည်း Bai Yueguang က ဖုန်းလေးတချက်ခေါ်ယုံဖြင့် Fu Shiwen ထပြီး ထွက်သ...