ကျီခယ်း ၏ပခုံးအနည်းငယ်နာလာပြီး လက်နှစ်ဖက်နှင့်တံတောင်ဆစ်များကိုပွတ်ကာ ထုပ်ပိုးပြီး အိမ်ပြန်ရန်ပြင်ဆင်သည်။
ထိုအချိန်တွင် ဖူ့ရှိဝမ် သည် ကျီခယ်း ၏နောက်မှ လှမ်းလာပြီး
ဖူ့ရှိဝမ် : "အားယွီ ၊ ကိုယ် နှိပ်ပေးပါရစေ " သူ၏ သွယ်လျသောလက်ချောင်းများက ကျီခယ်း ၏ပခုံးကို ဖိထားသည်။ကျီခယ်း က ခေါင်းကို လှည့်ကြည့်လိုက်ပြီး ဖူ့ရှိဝမ် ကို သံသယတွေအပြည့်နဲ့ "ခင်ဗျား နိုပ်ပေးမှာ?" ဟု ရေရွတ်မိသည်။
ဖူ့ရှိဝမ် က ဒီလိုလူတွေကို ဝန်ဆောင်မှုပေးနိုင်မယ်လို့ ကျီခယ်း က သိပ် မယုံနိုင်ဘူး။
"အားယွီ၊ ကိုယ့်ကိုလျှော့မတွက်နဲ့။"
ဖူ့ရှိဝမ် သည် ကျီခယ်း ၏ ပခုံးပေါ်မှ သူ့လက်ချောင်းများကို ဖိထားပြီး သူ၏ သွယ်လျသော လက်ချောင်းများသည် ပုခုံးမှ သူ့လည်ပင်းနောက်ဘက်သို့ ရွေ့သွားသည် ။ အဲဒါကိုလည်း ကျွမ်းကျင်စွာ ဆောင်ရွက်တယ်။
ကျီခယ်း က ကုလားထိုင်ပေါ်ထိုင်နေပြီး သူ သက်တောင့်သက်သာ ဇိမ်ခံနေရာမှနဲ့ ကြက်သီးထလာပြီး မတ်တပ်ထရပ်လိုက်တယ်။
" ဘယ်လိုလဲ? နင် နေလို့ကောင်းလား " ဖူ့ရှိဝမ် က မေးသည်။
ကျီခယ်း ရဲ့ နားရွက်တွေ နီရဲလာပြီး
ကျီခယ်း : "မဆိုးပါဘူး၊ ဘော့စ်ဖူ့ က ဒီလိုမျိုး လုပ်မယ်လို့ မမျှော်လင့်ထားဘူး" “ကောင်းတယ်ဆိုရုံပါပဲ?"ဖူ့ရှိဝမ် က တခစ်ခစ်ရယ်ပြီး ကျီခယ်း ရဲ့ ကျောကို သူ့လက်ချောင်းထိပ်တွေနဲ့ ဖြည်းညှင်းစွာ တို့ထိလိုက်တယ်။
ရှပ်အင်္ကျီပါးလွှာသောအလွှာမှတဆင့် ကျီခယ်း သည် သူ့နောက်ကျောမှာ အပေါ်အောက် ထပ်ခါထပ်ခါ ရွေ့လျားနေသည့် ဖူ့ရှိဝမ် ၏ လက်ချောင်းထိပ်များ၏ အပူချိန်ကို မီးတောက်ကဲ့သို့ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
"အဆင်ပြေလား?"
ဖူ့ရှိဝမ် သည် ဤတစ်ကြိမ်တွင် သူ့လက်ထဲတွင် ပိုမိုခွန်အားထည့်၍ ပြုံးကာ မေးလိုက်သည်။
ŞİMDİ OKUDUĞUN
အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်
Genel KurguI do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင်းပွဲ စားပွဲပြည့် ချက်ထားပြီးသော်လည်း Bai Yueguang က ဖုန်းလေးတချက်ခေါ်ယုံဖြင့် Fu Shiwen ထပြီး ထွက်သ...