"ဒါက ယွင်းကျင် အကြောင်းပါ။"
ကျီခယ်း က ချန်းယု ကိုမေးတယ် "ယွင်းကျင် ဒီရက်ပိုင်း ထူးခြားနေတယ်လို့ မင်းသတိမထားမိဘူးလား"
ချန်းယု က ပြုံးပြီးပြောတယ် "အရင်ကနဲ့ နည်းနည်းတော့ မတူဘူး၊ မကြာသေးခင်ကမှ ပိုပြီးတော့ လေးလေးနက်နက် ကြိုးစားလာတယ်။ဒါကြောင့် ပိုပြီး စိတ်သက်သာရာရစေတယ်။"
ကျီခယ်း ၏ လေးနက်တည်ကြည်သောအမူအရာကြောင့် ချန်းယု သည် ခဏစဉ်းစားပြီး "လျိုင်ဟွိုင် နဲ့ ဘာဆိုင်လို့လဲ၊ မပြီးသေးဘူးလား?"
ယွင်းကျင် နှင့် လျိုင်ဟွိုင် သည် ဆက်ဆံရေးရှိနေသည်ကို ချန်းယု က သိသော်လည်း သူတို့ rs သက်တမ်း အလွန်တိုတောင်းခဲ့ပါသည်။ သူတို့ကြားမှာ ပြီးသွားပါပြီ။
ကျီခယ်း က "မဖြစ်နိုင်ပါဘူး"
ချန်းယု အနည်းငယ် အံ့အားသင့်သွားသည်- "မင်းပြောတာ လျိုင်ဟွိုင် နဲ့ ယွင်းကျင် အဆက်အသွယ်မပြတ် သေးဘူးလား။"
ကျီခယ်း က ခေါင်းခါလိုက်ပြီး "မသိဘူး"
ခေါင်းရမ်းလိုက်သည်။
ဒီလူနှစ်ယောက်ကြား အရှုပ်အရှင်းတွေ ပေါ်လာရင် အင်တာနက်မှာ ဘာတွေဖြစ်မလဲ မသိဘူး။ သူတို့သည် မူလ ဆန့်ကျင်ဘက်ပြိုင်ဘက်များ ဖြစ်သည်။
ယွင်းကျင် ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ချန်းယု သည် ထိုသို့သောအခြေအနေမျိုးကို မမြင်လိုပါ။
ကျီခယ်း က "မင်း ရှောင်ရှီ ကို ဒီရက်ပိုင်း ယွင်းကျင် ကို စောင့်ကြည့်ခိုင်းလိုက်"
ရှောင်ရှီ သည် ယွင်းကျင် ၏ လက်ထောက်(မန်နေဂျာ)ဖြစ်သည်။
ချန်းယု က ခေါင်းညိတ်လိုက်ပြီး "စိတ်မပူပါနဲ့၊ မဖြစ်သင့်တဲ့ အချစ်မီးလျှံလေးကို ငါငြိမ်းလိုက်မယ်"
ချန်းယု သည် အမြဲတမ်း တည်ငြိမ်သည်။
ကျီခယ်း က နည်းနည်းတော့ အိပ်ငိုက်လာတယ် "ခဏအိပ်လိုက်ဦးမယ်"
"အိပ်အိပ်။"
ကျီခယ်း က ကားထိုင်ခုံပေါ် လှဲပြီး မျက်လုံးကို ခဏမှိတ်လိုက်တယ်။
VOUS LISEZ
အချစ်ဦးပြန်လာ ပြီးနောက် အစားထိုးခံက ထွက်သွားတယ်
Fiction généraleI do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင်းပွဲ စားပွဲပြည့် ချက်ထားပြီးသော်လည်း Bai Yueguang က ဖုန်းလေးတချက်ခေါ်ယုံဖြင့် Fu Shiwen ထပြီး ထွက်သ...