အပိုင်း - ၁

953 86 5
                                    

UNICODE

ခမ်းနားခြင်းအစစ်ဟာဘာလဲ
အိမ်ကြီးအိမ်ကောင်းနှင့်နေနိုင်ခြင်းလား
ဒါမှမဟုတ် ကားအကောင်းစားကြီးစီးနိုင်ခြင်းလား
ခမ်းနားမှုကိုအမျိုးမျိုးအဓိပ္ပာယ်ဖော်ဆောင်နေကြတဲ့ မောဟအမှောင်တွေကြား
မေတ္တာသာလျှင်အခမ်းနားဆုံးလို့
ကျွန်တော်ယူဆတယ်

=====

ခြံထဲရှိပန်းပင်များကိုရှင်းနေသော
ထယ်ယောင်း ပန်းပင်များကိုနေရာရွှေ့ကာ
ခြံနေရာပိုကျယ်ဖို့လုပ်ထားရသည်။
ပန်းပင်တွေဟာ သူ့နေရာနှင့်သူလှနေပေမယ့်
အိမ်ကြီးရှင်များသဘောအတိုင်းသာ

ခြံထဲရှိ တင်းနစ် ရိုက်ကွင်းအသေးစားမှာ
နေရာကျယ်ပေမယ့် သခင်လေးကစားတဲ့အခါ ပိုပြီးစိတ်ချရအောင် ထိခိုက်မှုမရှိရအောင် ပန်းပင်များကိုနေရာရွှေ့ထားရခြင်းပင်။

သခင်လေးဆိုသူကိုထယ်ယောင်းမတွေ့ဖူးပါ။
ဒီအိမ်ကိုရောက်တာ တစ်နှစ်ကျော်ပေမယ့် အိမ်ကြီးရှင်အဖိုးနှင့်အဖွား၏ အသည်းအသက် လေးဟုသိသာသိထားသည်။

ထယ်ယောင်းက ဤအိမ်တွင်အလုပ်လုပ်နေသော လူယုံတော် ထယ်ဂျယ်ဆူ ၏ တူတစ်ဦးပင်။

ငယ်ရွယ်ပေမယ့် လိမ္မာရေးခြားရှိပြီး
ကျောင်းစာလည်းတော်တာမို့
အိမ်ကြီးရှင်အဖိုးနှင့်အဖွားတို့ကသဘောကျကြ၏။ သူ့ကိုလည်းကျောင်းဆက်ထားပေးသည်။
အဖိုးနှင့်အဖွားသဘောကောင်းသလို သခင်လေးဆိုသူလည်း သဘောကောင်းလိမ့်မည်ဟုထယ်ယောင်းယူဆမိပါ၏။
.
.
.

တစ်ခြံလုံး တစ်အိမ်လုံးရှိအလုပ်သမားများပြာယာခက်နေကာ အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်နေကြသည်။

ဦးကြီး​ဂျယ်ဆူ ပြောတဲ့အတိုင်းဆို
သခင်လေးလာလိမ့်မည်။
သခင်လေးကမရောက်တာကြာပြီမို့
အဖိုးနှင့်အဖွားတို့ကလည်းမျှော်နေကြ၏။

ဇိမ်ခံကားအနက်ရောင်တောက်တောာက်ကြီးကခြံထဲသို့ဝင်လာခဲ့သည်။
အားလုံးစောင့်မျှော်နေကြသော
သခင်လေးဂျောင်...ဂျောင်ဟိုဆော့ ပင် ဖြစ်သည်။

ထယ်ယောင်းထင်ခဲ့သည်က သခင်လေးသည် လူလတ်ပိုင်း အရွယ်ရှိပြီး
အဖိုးလိုထောင်ထောင်မောင်းမောင်းဖြင့်
မိမိုက်နေလိမ့်မည်ဟူ၍။

အခမ်းနားဆုံး...မေတ္တာWhere stories live. Discover now