အပိုင်း - ၉

422 65 15
                                    

UNICODE

ဆေးပိုက်တန်းလန်းဖြင့်လူနာခန်းထဲဟိုဆော့အိပ်ပျော်နေချိန် လူစိမ်းတစ်ယောက်
ရောက်လာခဲ့၏။
သူကတစ်ခြားလူတော့မဟုတ်...

"ဆိုရီ..."

"နိုးသွားလား sorry နော််"

"....."

"ဒီကိုလာတာပြောစရာလေးရှိလို့ပါ
ထယ်က မင်းကိုတမင်ကလဲ့စားချေချင်လို့ခေါ်ထားတယ်ဆိုတာမင်းရိပ်မိမှာပေါ့"

"အင်း..."

"ငါပြောချင်တာက မင်းထယ်ဆီမှာအလုပ်မလုပ်တော့ဖို့ ပြီးတော့မင်းထယ်နဲ့အဝေးကိုထွက်သွားရမယ်"

"ဒါကျွန်တော့်ကိစ္စပါ ဆိုရီနဲ့မဆိုင်ဘူးထင်တယ် ဒါတွေပြောဖို့ဆိုကျေးဇူးပြုပြီးထွက်သွားပေးပါ"

"ဘာလဲမင်းလိုလူက ထယ့်ကိုကြိတ်ကြံနေတာလား စိတ်ကူးယဥ်မနေနဲ့ ဟက်!"

"ခဗျားဘာတွေလာပြောနေတာလဲ ဟန်ဆိုရီ
ကျွန်တော်နေမကောင်းလို့ ခဗျားထွက်သွားပေးပါလား"

"သွားမယ်! ငါဒီတိုင်းတော့မသွားနိုင်ဘူး
နင့်ကိုထယ့်ဘဝထဲကအပြီးပိုင်ထုတ်ပြီးမှသွားမယ်"

"အာ! လွှတ်...ဖယ်!!"

ဟိုဆော့မျက်နှာကိုခေါင်အုံးနဲ့ဖိထားတာမို့အသက်ရှူလို့ပင်မရတော့။
အားနည်းနေသူမို့မရုန်းသာတဲ့အနေအထား
ဖြင့််။

လုံးဝရုန်းမရတော့တာမို့ နောက်ဆုံးအချိန်လို့တွေးပြီး အရာအားလုံးလွှတ်ချဖြစ်ဖို့ဆုံးဖြတ်လိုက်ချိန်
ဟိုဆော့ကမ္ဘာအမှောင်ကျသွားပြီးလောကကြီးနှင့်အဆက်သွယ်ပြတ်သွား၏။

=====

အရေးပေါ်အခန်းထဲ အသက်ကယ်ဖို့အလုပ်ရှုပ်နေကြသောဆရာဝန်များ။

အပြင်မှန်ထဲမှ အထဲကိုလှမ်းမြင်ရသောပုံရိပ်က ထယ်ယောင်းရင်ကိုကွဲစေ၏။
နှလုံးနှိုးစက်ဖြင့်် ဟိုဆော့ရင်ဘက်နှစ်ခုအားထိကပ်စေပြီး အသက်လုနေကြရသည်။

"ငါ့အမှားတွေ! ငါ့အမှားတွေ
သူ့ကိုဂရုမစိုက်မိတာရော နာကျင််စေမိတာရော အရာအားလုံးငါမှားခဲ့တာ ဟင့်...
သူအသက်ရှင်ဖို့ငါဘာမဆိုလုပ်ရဲပါတယ်
သူအသက်ရှင်မယ်မလားဟင် jack! သူအသက်ရှင်မယ်မလား!"

အခမ်းနားဆုံး...မေတ္တာWhere stories live. Discover now