အပိုင်း - ၆

407 66 14
                                    

UNICODE

အရာရာပြည့်စုံနေတဲ့အချိန်မှာ
ယူရီနဲ့ပျော်ရွှင်စရာဘဝလေးကိုဖန်တီးနေနိုင်တာပဲ
ဘာ့ကြောင့် နှောင့်နှေးနေရတာလဲလို့
မေးခွန်းထုတ်စရာတွေရှိလာခဲ့တယ်။

ထယ်ယောင်းက ယူရီ့အပေါ်သံယောဇဥ်ရှိနေသလား ချစ်ရောချစ်နေလား သူကိုယ်တိုင်ပင်ဝေခွဲမရခဲ့ဘူး။
သူ့ရင်ထဲက ကိန်းအောင်းခဲ့တဲ့အချစ်ဦးဟာ
ယူရီဟုတ်ပါ့မလား။

=====

ဝဋ်ကျွေးက မကုန်နိုင်ဆိုသလို
အခုလည်း ထယ်ယောင်းနှင့်ယူရီတို့နောက်
ဟိုဆော့လိုက်နေရ၏။

သူတို့ဈေးဝယ်တာကို နောက်ကနေအထုတ်တွေလိုက်ဆွဲပေးရခြင်းပင်။
အထုတ်ကြီးငယ်တွေလက်နှစ်ဖက်အပြည့်ရှိနေတာတောင်ထပ်ဝယ်နေကြသေး၏။

"ထယ်ယောင်း...တော်ကြရအောင်လေ
ဟိုဆော့သယ်နေတာအများကြီးပဲသနားပါတယ်"

"သူ့ကိုလား! သနားစရာမလိုဘူး
ထိုက်သင့်တဲ့လုပ်ခပေးပြီးသား!"

ထယ်ယောင်းကအဲ့စကားကို
ဟိုဆော့မကြားကြားအောင်ပြောတာဟိုဆော့ကြားပါရဲ့

ယူရီ့ရဲ့သနားသလိုကြည့်တဲ့အကြည့်တွေကိုလည်း ဟိုဆော့မလိုချင်ဘူး
ဘယ်သူမှသနားစရာမလိုသလို သူကသိမ်ငယ်ပြီးနေနေရတဲ့လူမဟုတ်ဘူး!

"ထယ်ယောင်း!...ထယ်ယောင်းမလား!"

ထယ်ယောင်းကိုလာနှုတ်ဆက်နေသူဟာ
အရပ်ခပ်မြင့်မြင့် အသားဖွေးဖွေး
အပြစ်ပြောစရာမရှိအောင်ပြည့်စုံလွန်းတဲ့ပုံစံမျိုးပင်။

"ငါjackလေ..."

"အာ...sorryကွာ ရုတ်တစ်ရက်မို့ငါချက်ချင်းမမှတ်မိတာ မင်းကရုပ်ပြောင်းသွားတာကို"

"မင်းကမှအများကြီးပိုပြောင်းလဲသွားတာ"

"ဟား...ဟုတ်ပါပြီကွာ ငါတို့နဲ့အတူဆိုင်လိုက်ထိုင်အုံး"

jackရဲ့ဖခင်ကနိုင်ငံခြားသားတစ်ယောက်မို့
ကပြားရုပ်ကလေးဟာစွဲဆောင်မှုရှိနေတာမဆန်းပေ။
ထယ်ယောင်းရဲ့သူငယ်ချင်းကောင်းဖြစ်ခဲ့ပြီး
ယခုချိန်ထိအိမ်ထောင်မရှိသေးပေ။

အခမ်းနားဆုံး...မေတ္တာWhere stories live. Discover now