အပိုင်း - ၄

388 68 23
                                    

UNICODE

နွေဦးသစ်ရွက်တွေကြွေနေချိန်

သစ်ရွက်​ကြွေတွေကိုရေတွက်ရင်း
တစ်ယောက်တည်းထိုင်နေခဲ့တယ်

အချိန်တွေကုန်တာသိပ်မြန်တာပဲ
အခုဆို ဖေဖေဆုံးတာ၂နှစ်ရှိပြီ
အဖေရှိတုန်းကရော ဘာများနွေးထွေးမှုရခဲ့လို့လည်း
အဖေမရှိတဲ့နောက်ပိုင်း ပိုဆိုးလာတာက
ကိုယ်ဘာမှနားမလည်တဲ့အဖေ့စီးပွားရေးတွေကို သူ့အပေါင်းအသင်းရှယ်ရာရှင်တွေကြိုက်သလိုလုပ်လိုက်ကြတော့တာပဲ

သားသမီးကိုမခင်တွယ်လို့ပစ်သွားတဲ့အမေ့ကိုတော့ သူဟာ သေလူလို့သတ်မှတ်ထားတယ် သူ့အတွက်အမေဆိုတာမလိုဘူး။

လောင်းကစားလုပ်လွန်းတဲ့ အဖိုးနဲ့အဖွား
ဆုံးသွားတော့ ဖဲကြွေးရှင်တွေကသူတို့အိမ်ကြီးကိုလာသိမ်းလိုက်ကြတယ်
အိမ်ကြီးကိုနှမြောမိပေမယ့််
ဘယ်အရာကတည်မြဲနေပါ့မလဲ

လောကမှာ တည်မြဲတာဆိုလို့
ပြောင်းလဲခြင်းပဲရှိတာ

စိတ်ရှုပ်စရာကောင်းတဲ့အတွေးတွေကိုဖယ်ပြီး
ကတ်ထဲကမကျန်တော့တဲ့ပိုက်ဆံကိုသတိထားမိပြန်တယ်

"Taxi!!"

"ဘယ်သွားမလဲဗျ"

"ဒီနားက Shopping mall တစ်ခုကိုပို့ပေး"

ကားပေါ်တက်ဖို့သူတွန့်ဆုတ်နေမိတယ်
အရင်က အစေခံတွေအဆင်သင့်ဖွင့်ပေးတဲ့တံခါးကိုသာ သူတက်ခဲ့ရတာ

Taxi ခရှင်းခါနီးမှာ သူ့ဝသီအတိုင််း
ပိုတာပြန်မအမ်းဖို့ မပြောမိအောင်ထိန်းထားရတယ်
ဘဝအပြောင်းအလဲကကြီးမားလိုက်တာ

အိမ်မှာ အပြည့်အစုံရှိနေမှဖြစ်မည်။
သူဟာအနေဆင်းရဲအစားဆင်းရဲမနေတတ်ခဲ့
လိုအပ်တာမှန်သမျှအကုန်ဝယ်ပြီး
ပိုက်ဆံပြန်ချင့်ချိန်ပြီးမှ တစ်ချို့ကိုပြန်ထားခဲ့လိုက်သည်။

=====

"ဘယ်လိုလဲ ငါခိုင်းတဲ့ကိစ္စ"

"သူတို့မိသားစု စီးပွားပျက်ပြီးကတည်းက
သူလည်းပျောက်နေတယ်Boss"

"အဲ့တာငါသိပြီးသားတွေကွ! ငါလိုချင်တာသူ့ကိို! နောက်တစ်ခါသူ့သတင်းပါလာပါစေ!"

အခမ်းနားဆုံး...မေတ္တာWhere stories live. Discover now